နေပြည်တော်-ဧပြီ(၂၆)
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်သည် ယနေ့နံနက်(၁၀)နာရီတွင်
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်
ရွှေတောင်သုတေသန မျိုးပွားခြံရှိ ပုလဲသွယ်စပ်မျိုး F၁မျိုးစေ့ထုတ်
ဧက(၅၀၀)စိုက်ကွင်းများ၊ ငွေချည်(၆)နှင့် ရွှေတောင်(၈)
စပ်မျိုးဝါသီးနှံမျိုးစေ့ထုတ်စိုက်ကွင်းများ၊ ရေဆင်း(၁)နေကြာသီးနှံမျိုးစေ့ထုတ်စိုက်ကွင်းများကို
ကြည့်ရှုစစ်ဆေး
သည်။
သည်။
ဆက်လက်၍
နေကြာသီးနှံရေဆင်း(၁) F1 စပ်မျိုး မျိုးစေ့ထုတ်စိုက်ကွင်း၊ ပုလဲသွယ်စပ်မျိုး
မျိုးစေ့ထုတ် ဧက(၅၀၀)စိုက်ကွင်း၊ ပုလဲသွယ်စပ်မျိုးစပါး GW-1 မျိုးဧက (၁၀၀) F1
စိုက်ကွင်းတို့ကို ကြည့်ရှုအားပေးပြီး သုတေသနခြံရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီးက
မှာကြားရာတွင် နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
မျိုးစေ့ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊
စိုက်ပျိုးရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံမှ ပညာရှင်များ၊
တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း၍ တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်နေမှုများကို
နိုင်ငံတော်အစိုးရကိုယ်စား၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနကိုယ်စား
ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။
တောင်သူလယ်သမားများ
ဝင်ငွေတိုးတက်ရေးနှင့် နိုင်ငံ့စားနပ်ရိက္ခာဖူလုံရေးအတွက် စပ်မျိုးသီးနှံ
အရေးပါမှုသည် မိမိတို့နိုင်ငံ၏ မဖြစ်မနေလိုအပ်ချက်ဖြစ်ကြောင်း၊
အခြားသောနိုင်ငံများက စပ်မျိုးစပါး အပါအဝင် စပ်မျိုးသီးနှံများကို
ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ခြင်းဖြင့် ထိုနိုင်ငံများ၏ စားနပ်ရိက္ခာနှင့်တောင်သူ
လယ်သမား များ၏ လူနေမှုဘ၀နှင့်ဝင်ငွေကို ထိရောက်စွာ အောင်မြင်နေမှုများကို
နမူနာယူပြီး မိမိတို့အမီလိုက်နိုင်ရန် ကြိုးစားကြစေလိုကြောင်း။
ပညာရှင်များကလည်း
မိမိတို့တတ်မြောက်ထားသော ပညာရပ်များ ပိုမိုတိုးတက်အောင်မြင်အောင်
စိုက်ကွင်းများအတွင်း သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်ချိန်တည်း၊
တစ်ပြိုင်တည်း ဟန်ချက်ညီစွာ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ရရှိလာသောရလဒ်ကောင်းများပိုမိုတိုးတက်အောင်
ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
စပ်မျိုးစပါး၏
အရည်အချင်းလက္ခဏာများနှင့် စပ်မျိုးစပါး၏ အထွက်နှုန်းကောင်းမွန်မှု၊ စားသုံးမှုအရည်
အသွေးကောင်းမွန်မှု၊ ဈေးကွက်ဝင်မှုတို့ကို တောင်သူလယ်သမားများ
ပိုမို၍ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် နည်းလမ်းရှာဖွေ၍
ဆက်လက်အရှိန်မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်
ဝမ်းတွင်းမြို့နယ် ရာသင်္ချာကျေးရွာအုပ်စုအနီးရှိ
ပုလဲသွယ်စပ်မျိုးစပါးဧက(၂၀၀)စိုက်ကွင်းရှိ စပါးပင်များ
ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက်
မြစ်သားမြို့နယ် မြနဒီသရက်ဥယျာဉ်ခြံ၌ ခင်းကျင်းပြသထားသော အောင်ဒင်မျိုး၊
စိန်တလုံးမျိုး၊ ရွှေဟင်္သာမျိုး၊ ပတ္တမြားငမောက်မျိုး၊ R2E2 မျိုး၊
နန်းတော်မှိုင်းနှင့် မြကျောက်သရက်မျိုးများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
ကျောက်ဆည်မြို့နယ် ကုလရွာအနီးရှိ ဆင်းရတနာ(၄) နွေနှမ်းစံပြ ဧက(၁၀၀) အထူးဇုန်ရှိ
နွေနှမ်းပင်များ၊ ပြည်ပန်းကျေးရွာရှိ ပုလဲသွယ်စပ်မျိုးစပါး ဧက(၁၀၀)
စိုက်ကွင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment