ရန်ကုန်
ဧပြီ ၂၇
ရထားပို့ဆောင်ရေးဝန်ကြီးဌာန
မြန်မာ့မီးရထားလုပ်ငန်းသည် နိုင်ငံတကာ ရထားပို့ဆောင်ရေးလုပ်ငန်းများ၏ လုပ်ထုံးစနစ်နှင့်အညီ
လက်ရှိရရှိနေသည့် အပိုဝင်ငွေများထက် ၁၀ ဆမှ ၁၂ ဆအထိ ဝင်ငွေရှာဖွေကာ မိဘပြည်သူများ အတွက်
ရထားခရီးဆက်သွယ်ရေး ပိုမိုအဆင့်မြှင့်တင်ရေး ဆောင်ရွက်ပေး သွားမည်ဖြစ်သည်ဟု သိရသည်။
“ရထားပို့ဆောင်ရေးလုပ်ငန်းက
မိဘပြည်သူတွေ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အရှုံးခံပြီး ပြေးဆွဲနေရတာပါ။
အဲဒီအရှုံးတွေကို ပြန်လည်ကာမိပြီး ပိုမိုကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်မှုစနစ်ကို ရရှိစေဖို့
နဲ့ နိုင်ငံတော်အတွက် ဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ ရှာဖွေပေး နိုင်ဖို့ ပထမဆုံးခြေလှမ်းကို
ပွင့်လင်း မြင်သာစွာနဲ့ စတင်လိုက်ခြင်းဖြစ်ပါ တယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး က ရန်ကုန်-မန္တလေး လမ်းပိုင်း တစ်လျှောက်ရှိ မြန်မာ့ဆက်သွယ်ရေး
အား ငှားရမ်းထားရှိခဲ့ဖူးသည့် မြေအောက်ဆက်သွယ်ရေး အိုအက်ဖ် စီကေဘယ်လ်ကို ပြန်လည်ပြုပြင်ရေး
အတွက် တင်ဒါခေါ်ယူခြင်းအသိပေးပွဲ ၌ ပြောကြားသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန
သည် မြန်မာနိုင်ငံတစ်ဝန်းလုံး ရှိ မီးရထားလမ်းများ တစ်လျှောက် ဖိုင်ဘာဆက်ကြောင်းများ
တည် ဆောက်ခြင်း၊ အင်တင်နာတိုင်များ တပ်ဆင်ခြင်း၊ ဒေတာစင်တာများထား ရှိခြင်းအစရှိသည့်
ဆက်သွယ်ရေးနည်း ပညာများကို ပြည်တွင်းပြည်ပရှိ မိုဘိုင်းအော်ပရေတာများနှင့် နိုင်ငံတကာ
နည်းပညာ ပြုပြင်ထိန်းသိမ်း တည်ဆောက်မှု လုပ်ငန်းများနှင့် ပူးပေါင်းကာ ရထားပိုင်မြေများတွင်
ငှားရမ်းဆောင်ရွက်မှုများကို တစ်ဆင့် ပြီးတစ်ဆင့် အကောင်အထည် ဖော်ခြင်းဖြင့် ပြည်သူများအတွက်
အရှုံးခံပြေးဆွဲပေးလျက်ရှိသည့် မြန်မာ့ မီးရထားကဏ္ဍအား နိုင်ငံတကာ မီးရထားလိုင်းများနှင့်
အညီ အဆင့် မြှင့်တင်ပေးမည်ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရှိရသည်။
မြန်မာ့မီးရထားက၂၀၀၈
ခုနှစ် တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြေအောက်ဖိုင်ဘာဆက်ကြောင်းများ သွယ်တန်း
ထားရှိရန်အတွက် ငွေကျပ် သန်းပေါင်း ၁၅၀၀ နှင့် ငှားရမ်းမှု ပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်
မတ်လ အတွင်း အဆိုပါစာချုပ်ပြီးမြောက် ချိန်တွင် ပြည်တွင်းရှိ မိုဘိုင်းအော် ပရေတာလေးခုတို့မှ
လိုအပ်သည့် အရည်အသွေးမီ ပြုပြင်ထိန်းသိမ်းခြင်း များအတွက် လုပ်ငန်းလုပ်ကိုင်လို သည့်ကုမ္ပဏီများအား
တင်ဒါခေါ်ယူရန် ယခုကဲ့သို့ ရှင်းလင်းပြောကြား ခြင်းဖြစ်သည်။
“ရထားခရီးစဉ်တွေကို
ယမန်နှစ် တွေက တိုးချဲ့မှုတွေ၊ လမ်းသစ်ဖောက် လုပ်မှုတွေ အများကြီးဆောင်ရွက်ခဲ့ ပါတယ်။
ဒီနှစ်ပိုင်းမှာတော့ ပြုပြင် ထိန်းသိမ်းမှုတွေကို ဦးစားပေးပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။
ကျွန်တော်တို့အနေနဲ့ ဘက်ပေါင်းစုံ ကနေ ဖြည့်ဆည်းဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက်
စီမံကိန်း ချမှတ် အကောင်အထည်ဖော်သွား မယ်”ဟု ရထားပို့ဆောင်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး
ဦးမြင့်သိန်းက ပြောကြားသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန
လက်အောက်တွင် မြန်မာတစ်နိုင်ငံလုံး ၌ ရထားလမ်းမိုင် ၃၇၀၀ ခန့်ရှိပြီး သံလမ်းမိုင်တိုင်ပေါင်း
၄၈၀၀ ခန့်ရှိ ကြောင်း၊ ထို့အပြင် မြန်မာ့မီးရထား ဥပဒေအရ ရထားလမ်းဘေးနှစ်ဖက် ၇၅ ပေခန့်ကိုလည်း
ပိုင်ဆိုင်ထား သည်။
“ရထားသံလမ်းဆိုတာ
အဖြောင့် အတိုင်း သွယ်တန်းထားတဲ့အတွက် နည်းပညာ ဆက်သွယ်ရေးတွေမှာ အသုံးပြုဖို့ အကောင်းဆုံး
အနေအထား ကို ရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် ရှိပြီးသား အရင်းအမြစ်အပေါ်မှာ အခြေခံပြီး
ငှားရမ်းရခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့
ဂူဂဲလ်ရဲ့မြေပုံပေါ်ကနေ ရှာဖွေတဲ့အခါ မြန်မာ့မီးရထားနေရာ တွေပေါ်မှာ ဖိုင်ဘာစနစ်အသုံးပြုနိုင်
တဲ့ နည်းပညာလုပ်ငန်းပေါင်း ၁၀၀ ကျော်ထက်မက ရှိနေတာကိုမြင်ရ တယ်။ လက်ရှိမှာ ဆက်သွယ်ရေး
အော်ပရေတာတွေ ရှိမယ်။ အားလုံးက ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြု နိုင်ကြမှာပါ။ ဖိုင်ဘာဆက်ကြောင်း
ဆိုတာ နည်းပညာတွေမှာ ဘက်စုံ သုံးစွဲနိုင်တဲ့ အခြေအနေတစ်ခုဖြစ်လို့ တစ်ကမ္ဘာလုံးမှာရှိတဲ့
မီးရထား လုပ်ငန်းတွေမှာ ယခုလို နည်းလမ်း တွေနဲ့ပိုက်ဆံရှာကြတယ်။ နောက်ပြီး ပြည်သူတွေအတွက်
ရထား ဝန်ဆောင်မှုတွေ မြှင့်တင်ပေးကြ တယ်။ ကျွန်တော်တို့လည်း လုပ်နိုင် ပြီး ပြုပြင်ပြောင်းလဲနိုင်မယ်လို့
ယုံကြည်ပါတယ်”ဟု အဆိုပါစီမံကိန်း တာဝန်ခံ မြန်မာ့မီးရထားလုပ်ငန်း၏ အထွေထွေမန်နေဂျာ
ဦးဘမြင့်က ပြောကြားသည်။
No comments:
Post a Comment