ရန်ကုန်-ဧပြီ(၂၆)
နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့်
နိုင်ငံတကာ အဆင့်မီ အသိပညာရှင်၊ အတတ်ပညာရှင်နှင့် နည်းပညာရှင်များကို အဆင့်အလိုက် ပီပြင်စွာဖြင့်
နိုင်ငံတော်၏ လူသားအရင်းအမြစ်လိုအပ်ချက်နှင့်အညီ မွေးထုတ်ရန်ဦးတည်ချက်ဖြင့် အဆင့်မြင့်ပညာမြှင့်တင်ရေးဆိုင်ရာ
ဆွေးနွေးပွဲများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ်စိန်ရတုခန်းမ၌
ကျင်းပရာ
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မင်းအောင်
တက်ရောက်ဆွေးနွေးသည်။
ရှေးဦးစွာ နံနက်(၁၀)နာရီတွင် ပုဂ္ဂလိကပညာရေးကဏ္ဍမှ
ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာ နိုင်ငံတော် တည်ဆောက်ရေးတွင် ပုဂ္ဂလိကပညာရေးကဏ္ဍမှ ပိုမိုပူးပေါင်းနိုင်မည့်နည်းလမ်းများကို
တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးကြသည်။
ထို့နောက် နံနက်(၁၁)နာရီတွင် ရန်ကုန်မြို့ပေါ်ရှိ
တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဥပဒေပညာရှင် ပါမောက္ခများနှင့် တွေ့ဆုံရာတွင် အဆင့်မြင့်ပညာမြှင့်တင်ရေးအတွက်
လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ၊ ညှိနှိုင်းရေးဆွဲရေးနှင့် တက္ကသိုလ်စိန်ရတုခန်းမတွင် လုပ်ငန်းအဖွဲ့(၁၈)ဖွဲ့၏
ခေါင်းဆောင်များအပတ်စဉ် ညှိနှိုင်းဆွေးနွေးနေမှု အခြေအနေများကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment