ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန မှော်ဘီမြို့နယ်ရှိမြို့နယ် အားကစားကွင်းနှင့် တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူအားကစားကွင်း/အားကစားရုံတို့ကို ယနေ့နံနက်ပိုင်းက အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့စေရေးအတွက် ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရေးအတွက် သာယာဝတီမြို့ရှိ မိုးလုံလေလုံအားကစားရုံ ကြမ်းခင်းအဟောင်းအား ဖျက်သိမ်းပြီး ကြမ်းခင်းအသစ် ၁၀၁ x ၅၆ ပေ
နှစ်ထပ်လျှာထိုးကြမ်းခင်း ပြုပြင်နေမှုနှင့် ဘောလုံးကွင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြို့နယ်အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေတို၊ ရေရှည်စီမံချက်များ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ကြို့ပင်ကောက် မြို့နယ်အားကစားကွင်း ပွဲကြည့်စင် နှစ်ထပ် ပေ (၁၅၀ x ၂၀) တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရှိ မင်္ဂလာရွှေပြည် အားကစားကွင်း ပေ (၁၂၀ x ၉၀) မိုးလုံလေလုံအားကစားရုံ(ပွဲကြည့်စင်ပါ) RC နှစ်ထပ်တည် ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်မြို့နယ်အားကစားကွင်း ပွဲကြည့်စင် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် အဆောက်အအုံများ ရေရှည်တည်တံ့စေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အဆင့်မီ အရည်အသွေးပြည့်မီပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးတို့အတွက် အဓိကဦးစားပေးပြီး တည်ဆောက်ပေးသွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment