ဟားခါး နိုဝင်ဘာ ၁၀
စားရေရိက္ခာဖူလုံရေးနှင့်စိုက်ပျိုးမွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော် ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် ( ၁ / ၂၀၂၆ ) ကို ယနေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က စားရေရိက္ခာဖူလုံရေးသည် မြန်မာနိုင်ငသာမက
ကမ္ဘာ့နိုင်ငံများကပါ အလေးထားသည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် စားရေရိက္ခာဖူလုံရေးကို
နိုင်ငံတော်၏ အဂ္ဂမဟာဗျူဟာ (၂) ပါးထဲတွင် တစ်ပါးအဖြစ် ထည့်သွင်းခြင်းဖြစ်ကြောင်း၊ အစည်းအဝေးတွင်
မြေပြင်တွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်လုပ်ငန်းများကိုသာ ဆွေးနွေးတင်ပြရမည်ဖြစ်ကြောင်း၊
ထို့အတူ ကိန်းဂဏန်းများ မှန်ကန်ရေးသည်လည်း အလွန်အရေးကြီးကြောင်း၊ ပြဿနာတစ်ခုဖြေရှင်းရာတွင်
ပြဿနာဖြစ်ပေါ် ရခြင်း၏ အခြေခံအကြောင်းရင်းကဘာလဲ၊ လက်ရှိအခြေအနေ၊ ရှေ့ဆက်မည်ကဲ့သို့ဖြစ်လာနိုင်သည်
စသည့်အချက်များကို သေချာလေ့လာရန် လိုအပ်ပါကြောင်း၊ သို့မှသာ မှန်ကန်သည့် မူဝါဒများချမှတ်
နိုင်ပြီး ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ် စားရေရိက္ခာဖူလုံရေးအတွက်
သက်ဆိုင်ရာဌာနများဌာနများအနေဖြင့် ပြည်နယ်၏ မြေမျက်နှာသွင်ပြင်အခြေအနေရ ရာသီဥတု ယခင်နှစ်များတွင်
မည်သို့ရှိပြီး ယခုနှစ်တွင် မည်သို့ရှိသည်၊ မိုးရေချိန်လည်း ယခင်နှစ်များတွင် မည်မျှ
ရှိပြီး ယခုနှစ်များတွင် မည်မျှရှိသဖြင့် မည်သည့်မျိုးစေ့များ၊ မည်သို့စိုက်ပျိုးသင့်သည်၊
မည်သည့် တိရစ္ဆာန်များ မည်သို့မွေးမြူသင့်သည် စသည်ဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်၊
မျှော်မှန်းချက်နှင့် မြေပြင်လုံခြုံရေးအခြေအနေများကိုလည်း ထည့်သွင်းစဉ်းစား၍ မြေပြင်အမှန်ဆောင်ရွက်နိုင်မည့်
လက်တွေ့ကျသည့်လုပ်ငန်းများ ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက် ချင်းပြည်နယ် စာရေရိက္ခာဖူလုံရေးနှင့်
စိုက်ပျိုးမွေးမြူရေးကဏ္ဍမြှင့်တင်ရေး ကော်မတီဝင်များက မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်ပြီး၊
ဆောင်ရွက်ဆဲနှင့် မြေပြင်တွင် အမှန် ဆောင်ရွက်နိုင်မည့်လုပ်ငန်းများကို တင်ပြချက်များအပေါ်
ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးများက
အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ
နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
( ခရိုင် ပြန်/ဆက် )



No comments:
Post a Comment