ဖလမ်း နိုဝင်ဘာ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်း၌ ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသိပ္ပံသင်တန်းကျောင်းဝင်းအတွင်းရှိ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် အဆောက်အအုံများ ပြုပြင်နေမှုနှင့် ယာယီဆေးရုံအတွက် ပြုပြင်ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဉီးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဖလမ်းမြို့
ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် ၆ ခန်းတွဲ ၂ ထပ်ဝန်ထမ်းအိမ်ရာ ၅၀ ရာခိုင်နှုန်း ပြုပြင်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက
လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးမှ လုပ်ငန်းများ အချိန်မီပြီးစီးအပ်နှံနိုင်ရေးဆောင်ရွက်ရန်၊
လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက သက်ဆိုင်ရာဌာနမှ စနစ်တကျလွှဲ ပြောင်းလက်ခံရယူပြီး
ဝန်ထမ်းများနေရာချထားနိုင်ရေး စီမံဆောင်ရွက်ရန်မှာကြားသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည်
ယာယီပြည်သူ့ဆေးရုံ ဖွင့်လှစ်ရန် ပြုပြင်နေသည့်
အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊
ဒေါက်တာချမ်းငြိမ်းမောင်မှ ၆ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာတွင် ခွဲစိတ်ကုသဌာန၊ အရိုးကုသဌာန၊
သားဖွားမီးယပ်ကုသဌာန၊ သားဖွားခန်းနှင့် ဓာတ်မှန်ဌာနအတွက် အဆောက်အအုံ ပြုပြင်နေမှုများကိုလည်းကောင်း၊
၈ ခန်းတွဲ ၂ ထပ်ဆောင်တွင် ခရိုင်ပြည်သူ့ကျန်းမာဦးစီးဌာနရုံးနှင့် ဆေးဝါးဆေးပစ္စည်း
သိုလှောင်ခန်းအတွက် ပြုပြင်နေမှုအခြေအနေအားလည်းကောင်း၊ ၄ ခန်းတွဲ ၂ ထပ်ဆောင်တွင် ပြင်ပလူနာဌာန၊
ဆေးရုံအုပ်ရုံးခန်း၊ ဖျားနာကုသဆောင်၊ ကလေးရောဂါကုသဌာနနှင့် ဓါတ်ခွဲခန်းအတွက် ပြင်ဆင်ပြုပြင်နေမှုအခြေအနေများအား
ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းအဆောက်အအုံများသည် ပြုပြင်ပြီးစီးမှု ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့်
လာမည့်နှစ်ဆန်းတွင် ယာယီဆေးရုံ ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် သူနာပြုသိပ္ပံသင်တန်းကျောင်းဝင်းအတွင်းရှိ
သူနာပြုစာသင်ဆောင်-၂ (၂) ထပ်ဆောင် ၈၅ ရာခိုင်နှုန်းပြုပြင်ပြီးစီးမှုအခြေအနေနှင့် သင်တန်းခန်းမ
ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ကျောင်းအုပ်ကြီးရုံးခန်း ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှု၊
ရုံးလုပ်ငန်းဆောင်ရွက်မှုနှင့် သင်တန်းသူအိပ်ဆောင်ပြုပြင်မှု အခြေအနေများကိုလည်းကောင်း၊
တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် သူနာပြုသိပ္ပံဘွဲ့နှင်းသဘင်ခန်းမ ပြုပြင်နေမှုအား
ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ခံမှ လုပ်ငန်း ၅၅ ရာခိုင်နှုန်း ပြုပြင်ပြီးစီးမှုအခြေအနေအား
ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ ပစ္စည်းအရည်အသွေး၊ အဆောက်အအုံအရည်အသွေးကောင်းမွန်ရေး၊
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စာချုပ်ပါစည်းမျဥ်းစည်းကမ်းအတိုင်း လုပ်ငန်းအချိန်မီပြီးစီးအောင်
ဆောင်ရွက်ရေး ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ရာနှုန်းပြည့်ပြုပြင်ပြီးစီးသည့်
ဆရာဝန်နေအိမ်၊ ဆေးရုံအုပ်နေအိမ်နှင့် အထူးကုဆရာဝန်နေအိမ်များအား ကြည့်ရှုစစ်ဆေးပြီး
ဝန်ထမ်းများ နေထိုင်နိုင်ရေး စီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
နိုဝင်ဘာ(၉)ရက် ယမန်နေ့တွင်လည်း ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည်
ဖလမ်းမြို့ စည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးရောင်းချနေမှု၊ ဈေးအတွင်းအပြင်နှင့်
အသားခုံများ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ဒုတိယဝန်ကြီးသည်
စည်ပင်သာယာဈေးအတွင်း၌ အသားငါးနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်များ ရောင်းချနေမှုနှင့်
ဈေးအပြင်ဘက် စည်ပင်သာယာဆိုင်ခန်းများတွင် ဈေးရောင်းချနေမှုများအား ကြည့်ရှုကာ ဒေသခံဈေးသူဈေးသားများနှင့်
ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်

No comments:
Post a Comment