သင်္ဃန်းကျွန်း နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၆ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုံဖွင့်ပွဲအခမ်းအနားအား သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ယနေ့နံနက်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူပြီး
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူအား အလေးပြုပြီးအားကစားသစ္စာအဓိဌာန် (၄) ချက်ရွတ်ဆိုကြသည်။
ထို့နောက် နိုင်ငံတော်အလံအား အလေးပြုကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက
အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက
ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ ယင်းနောက်
အ.ထ.က (၄) တာမွေဘင်ခရာနှင့် ပန်းပွားအဖွဲ့၊ မြန်မာ့သိုင်းအဖွဲ့၊ အေရိုးဗစ်အဖွဲ့နှင့်
ကျွမ်းဘားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး မြန်မာ့သိုင်းအဖွဲ့၊
အေရိုးဗစ်အဖွဲ့၊ ကျွမ်းဘားအဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့၏ စွမ်းရည်ပြသခြင်းများအား
ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့သည်။
ဇော်မိုး



No comments:
Post a Comment