ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၃၀-၄-၂၀၂၆ ရက်နေ့တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာစေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ကျန်ရှိသည့်ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးခဲ့ပါသည်။
နိုင်ငံတော်သည် ဒေါ်အောင်ဆန်းစုကြည်အား လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) လုပ်ငန်းစဉ်များအရလည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာအတွင်းက ဆောင်ရွက်ပိုင်ခွင့်ရှိသော အထူးကိစ္စရပ်အနေဖြင့်လည်းကောင်း အကျဉ်းသူဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းနှင့် ၂၂-၁၀-၂၀၂၆ ရက်နေ့၊ ၁၄၃၀ အချိန်မှ ၁၄၅၀ အချိန်အထိ လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် စကားပြောကြေးနန်းဖြင့် ကောင်စစ်ဆိုင်ရာဆက်သွယ်ပြောဆိုမှုပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်

.jpg)
No comments:
Post a Comment