ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံမှ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၈) မှ ကျောင်းသား၊ ကျောင်းသူများကဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင် နိုင်ငံတော်သမ္မတအိမ်တော်၊ ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါဩဝါဒခံယူပွဲအခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့်ဒေါ်နန်းနီနီအေး၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး
ဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်
တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊
ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်
ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာနိုင်ငံတော်
သမ္မတက ဩဝါဒအမှာစကားပြောကြားရာတွင်
နိုင်ငံတော်အနေဖြင့်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်
တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို
ဆောင်ရွက်နိုင်မည့် ပညာရေးဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီးပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကို
၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင်စတင် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင်
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ပေးခဲ့ကြောင်း။
တက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ သင်တန်းဆင်း ဆရာ၊ ဆရာမ ဦးရေစုစု ပေါင်း ၁၄,၆၉၈ ဦးကို
မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့်လည်း မကြာခင်သင်တန်းဆင်းပြီး
နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြရတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ သင်ယူတတ် မြောက်ထား သည့် ပညာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာများကိုလက်တွေ့အသုံးချပြီး
တာဝန်ကျရာဒေသမှ ကျောင်းသားလူငယ်များ၏ အနာဂတ်ကိုပုံဖော်ပေးကြရန်
မှာကြားလိုကြောင်း၊ ဆရာ၊ ဆရာမ ဟူသည်မှာ စာသင်ပေးရုံသာမက
တပည့်များ၏ စိတ်ဓာတ်၊ အကျင့်စာရိတ္တနှင့် ဘဝရည်မှန်းချက်များကိုပါ
ပုံဖော်ပေးရသူများဖြစ်သည်ကို အမြဲသတိပြုကြစေလိုပြီး
မောင်တို့မယ် တို့သည် အိုးထိန်း
သည်များပင်ဖြစ်ပါကြောင်း။
ပညာရေးသည်
လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်ရေးသာမက လူ့အဖွဲ့အစည်း တစ်ရပ်လုံး ဖွံ့ဖြိုး တိုးတက် ရေးအတွက်ပါ
အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ပညာရည်
ပြည့်ဝ သည့်
လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ထွန်းလာမှသာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့်
နည်းပညာကဏ္ဍများတွင် ရေရှည်တိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။
ထို့ကြောင့်
နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍကို
အလေးထားဆောင်ရွက်ပေးနေပြီး ၂၀၂၆-၂၀၂၇
ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာ ငွေ၏ ၆ ဒသမ ၉၂
ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများ၏ ပညာရေးအသုံးစရိတ်များပါ ထည့်တွက်မည်ဆိုပါက ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုရန်ခွင့်ပြုပေးထားကြောင်း၊
လာမည့်ဘဏ္ဍာရေးနှစ်တွင် ပညာရေး အသုံးစရိတ်ကို ၁၀ ရာခိုင်နှုန်းထက် မနည်း
တိုးမြှင့်ရန်၊ နောက်တစ်နှစ်ကျော်တွင် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်လျာထားပြီး မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်သည့်ကာလအတွင်း ၂၀
ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် ရည်မှန်းထားကြောင်းကို အသိပေးလိုကြောင်း။
ကျောင်းနေအရွယ်ကလေးများအားလုံး
ကျောင်းတက်နိုင်ရေး၊ အလယ်တန်း ပညာပြီးမြောက်သူများ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အထက်တန်း ကျောင်းများတွင် ဆက်လက်သင်ယူနိုင်ရေး
တို့ကိုလည်း အလေးထားဆောင်ရွက်နေကြောင်း၊ အထက်တန်းအဆင့်တွင်
အသက်မွေးဝမ်းကျောင်း ပညာများ သင်ယူနိုင်ရေးနှင့် အရည်အချင်း
ပြည့်မီသူများကို တက္ကသိုလ် အဆင့်အထိ ဆက်လက်ပညာသင်ယူနိုင်ရေးတို့ကိုလည်းဖော်
ဆောင်ပေးလျက်ရှိကြောင်း၊ အကြောင်း
အမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေ သည့်
လူငယ်များကိုလည်း သင့်လျော်သည့်အတန်းတွင် ပြန်လည်ပညာသင်ယူနိုင်ရေး ကျောင်းပြင်ပပညာရေးအစီအစဉ်များ
ဆောင်ရွက်ပေးနေကြောင်း။
ထို့ကြောင့်
မောင်တို့မယ်တို့အနေဖြင့် တာဝန်ကျရာဒေသကိုရောက်ရှိသည့်အခါ ကျောင်းနေအရွယ် ကလေးအားလုံး
ပညာသင်ယူနိုင်ရေး၊ ကျောင်းပြင်ပရောက်ရှိနေသူများ ပြန်လည်ပညာ
သင်ယူနိုင် ရေးနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင်လာစေရေးတို့ကို ကြိုးပမ်းဆောင်ရွက်
ကြရန် တိုက်တွန်း လိုကြောင်း။
သစ်အဆွေးဖြင့် ပန်းပုထု၍ မရသကဲ့သို့ အဆင့်အတန်းမြင့်သည့် ပညာရေးကို တည်ဆောက်နိုင်ရေး အတွက်လည်း ဆရာ၊ ဆရာမများ၏
အရည်အသွေးသည် အဓိကကျကြောင်း၊ ဆရာတစ်ဦးအနေဖြင့်
မိမိ တတ်မြောက်ထားသည့် ပညာရပ်များကို တပည့်များထံသို့ ထိရောက်စွာလက်ဆင့်ကမ်း ပေးနိုင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့်မိမိတို့ကိုယ်တိုင်လည်း စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး
သင်ကြားရေးစွမ်းရည်များ မြှင့်တင်နေကြရန် မှာကြားလိုကြောင်း၊ သင်ကြားရေးတွင် အလွတ် ကျက်မှတ်စေခြင်း နည်းလမ်းတစ်ခုတည်းကိုသာ အားမကိုးဘဲ
တပည့်များ၏စဉ်းစား တွေးခေါ်နိုင် စွမ်း၊ ဝေဖန်ဆန်းစစ်နိုင်စွမ်းနှင့်
တီထွင်ဖန်တီးနိုင်စွမ်းများ တိုးတက်လာအောင်လမ်းညွှန်ပေး ကြရမည်ဖြစ်ကြောင်း၊
သင်ခန်းစာများကို လက်တွေ့ဘဝနှင့် ဆက်စပ်သင်ကြားပေးခြင်းအားဖြင့်
သင်ယူထား သည့်
ပညာများကို လူမှုပတ်ဝန်း ကျင်တွင် လက်တွေ့
အသုံးချနိုင်လာမည်ဖြစ်ကြောင်း။
အထူးသဖြင့် “အမျိုးသားစည်းကမ်းအစ
စာသင်ကျောင်းက” ဟူသည့်အတိုင်း စာသင်ကျောင်းများ သည် စည်းကမ်းရှိပြီး
တာဝန်သိတတ်သည့် လူငယ်များ ပေါ်ထွန်းလာရေးအတွက် အခြေခံကျ သည့်နေရာများဖြစ်ကြောင်း၊ ဆရာများသည် တပည့်များအတွက် စံပြပုဂ္ဂိုလ်ဖြစ်သည့် အတွက် မိမိတို့ ၏အပြောအဆို၊ အပြုအမူ အနေအထိုင်နှင့် ကိုယ်ကျင့်တရားများကို အမြဲဆင်ခြင်ကြ ရန်လိုပြီး တပည့်အားလုံးအပေါ် မျှမျှတတဆက်ဆံရန်၊ ရိုးသားဖြောင့် မတ်ရန်နှင့်
စိတ်စေတနာ ထားရန်လည်း အရေးကြီးကြောင်း။
မိမိတို့နိုင်ငံသည်
တိုင်းရင်းသားလူမျိုးများ၊ ဘာသာစကားများနှင့် ယဉ်ကျေးမှုများ မတူကွဲပြားစွာ
တည်ရှိနေသည့်နိုင်ငံဖြစ်ကြောင်း၊ ယင်းမတူကွဲပြားမှုများသည် နိုင်ငံ၏
ယဉ်ကျေးမှုအမွေအနှစ်များကို ကြွယ်ဝစေပြီး တန်ဖိုးရှိသည့်အရင်းအမြစ်များလည်းဖြစ်ကြောင်း၊
ထို့ကြောင့်တိုင်းရင်းသား အချင်းချင်း အပြန်အလှန်နားလည်လေးစားမှု၊ ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုများကို တည်ဆောက် ကြရန်လိုအပ်ကြောင်း။
ပြည်ထောင်စုစိတ်ဓာတ်ဟူသည်မှာ
မိမိတို့၏လူမျိုး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုကိုချစ်မြတ် နိုးသကဲ့သို့
အခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကိုလည်း လေးစားတန်ဖိုး ထားခြင်းဖြစ်ကြောင်း၊ အများအကျိုးအတွက် အတူတကွပူးပေါင်း ဆောင်ရွက်ခြင်းသည်လည်း
ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုခိုင်မာစေကြောင်း။
မောင်တို့မယ်တို့သည်
ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ၅ နှစ်ကြာ အတူတကွ ပညာသင် ယူရင်း တစ်ဦး နှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုရရှိခဲ့ကြကာ
ပြည်ထောင်စုစိတ်ဓာတ်ကို ခံယူတတ်မြောက်ခဲ့ကြပြီး ဖြစ်သည်ဟုယုံကြည်ကြောင်း၊ ထို့ကြောင့် တာဝန်ကျရာဒေသများတွင် တိုင်းရင်းသားပြည် သူများအကြား
ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် စည်းလုံးညီညွတ်မှုများ တိုးပွားလာ အောင်
မိမိတို့ ကိုယ်တိုင် စံနမူနာပြပြီး ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
“ယနေ့လူငယ်
နောင်ဝယ်လူကြီး” ဟူသည့်အတိုင်း လူငယ်များသည်အနာဂတ်တွင် နိုင်ငံ့တာဝန် များကို
ထမ်းဆောင်ကြရမည့် မျိုးဆက်သစ်များဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များ၏ ပညာရေး၊
စိတ်ဓာတ်နှင့် အရည်အချင်းဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံအနာဂတ်အတွက် အရေးကြီး ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း
လူငယ်အရေအတွက်သည် နိုင်ငံလူဦးရေ၏ ၁၆ ရာခိုင်နှုန်းကျော်ရှိသည် ဟုတွေ့ရှိ ရကြောင်း။
ထို့ကြောင့် မောင်တို့မယ်တို့အနေဖြင့် တာဝန်ကျရာဒေသမှ
ရွက်ပုန်းသီးလူငယ်များ ၏ အရည်အချင်း များကို ဖော်ထုတ်ပေးကြရန်လိုကြောင်း၊ အသိပညာ၊
အတတ်ပညာနှင့် ကိုယ်ကျင့်တရား ပြည့်ဝစေရုံ သာမက ကိုယ်ခန္ဓာကြံ့ခိုင်မှု၊
စိတ်ဓာတ်ခိုင်မာမှုနှင့် လူမှုဆက်ဆံရေးကောင်းမွန်မှုတို့တွင်လည်း ဖွံ့ဖြိုးလာအောင်
ပြုစုပျိုးထောင်ပေးကြရမည်၊ လူငယ် များကို မိမိတို့၏အနာဂတ်အတွက် ရည်မှန်းချက်ထားပြီး
ကြိုးစားတတ်သူများဖြစ်လာအောင် အားပေးကြရမည်၊ တစ်ချိန်တည်း၌ပင် မိသားစု၊ ဒေသနှင့်လူ့အဖွဲ့အစည်းအတွက်
အကျိုးပြုနိုင်သူများ ဖြစ်လာအောင်လည်း
လမ်းညွှန်ပေး ကြရန်မှာကြားလိုကြောင်း။
မောင်တို့မယ်တို့သည်
မကြာမီ နိုင်ငံ့ဝန်ထမ်းများဖြစ်လာကြတော့မည်ဖြစ်သဖြင့် သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့်
လုပ်ငန်းခွင်ကျင့်ဝတ်များကို သိရှိနားလည်ပြီး လိုက်နာကြရန်လိုအပ် ကြောင်း၊
နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦး၌ရှိရမည့် ကျွမ်းကျင်မှု၊
တာဝန်ကျေပွန်မှု၊ ရိုးသားဖြောင့်မတ် မှုနှင့် အများပြည်သူအပေါ် စေတနာထားမှုတို့
ရှိရ မည်ဖြစ်ပြီး “ဝန်ထမ်းကောင်းမှ
နိုင်ငံကောင်း မယ်” ဟူသည့် ခံယူချက်နှင့်အညီ မိမိတို့၏ တာဝန်များကို စေတနာ၊ ဝါသနာနှင့် အနစ်နာခံမှုတို့ ပေါင်းစပ်ပြီး ထမ်းဆောင်ကြရန် တိုက်တွန်းလိုကြောင်း၊ အထူးသဖြင့်
ဆရာ၊ ဆရာမ များသည်
ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘပြည်သူများ၏ လေးစားအားကိုးမှုကို ရရှိထားသူများ ဖြစ်ကြောင်း။
အဓိကမှာကြားလိုသည်မှာမောင်တို့မယ်တို့ အနေ ဖြင့် တာဝန်ကျရာဒေသများတွင် တပည့်များကို ပညာရည်ပြည့်ဝရုံသာမက
ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလ ဟူသည့် ဗလငါးတန်ပြည့် စုံသည့် လူတော်လူကောင်းများ ဖြစ်လာအောင် ပြုစုပျိုး ထောင်ပေးကြရန်၊ ဆရာ့ဝတ်ငါးပါးနှင့်အညီ ကျင့်ကြံနေထိုင်ပြီး တပည့်များကို
အမှား အမှန် ခွဲခြားသိမြင်နိုင်ပြီး လူမှုကျင့်ဝတ်များကို လေးစားလိုက် နာတတ်သည့် လူငယ်များ ဖြစ်လာအောင်
လေ့ကျင့်ပျိုးထောင်ပေးကြရန်၊ တိုင်းရင်း
သားလူမျိုးများ၏ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားလေးစားပြီး
အပြန်အလှန် ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်များ
ပိုမိုခိုင်မာလာ အောင်ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မောင်တို့မယ်တို့သည် နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ပေးမည့် ပညာရေးဝန်ထမ်းများဖြစ်ကြသဖြင့် ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ် ထားပြီး မိမိတို့
တတ်မြောက်ထားသည့် ပညာသင်ကြားရေး
အတတ်ပညာနှင့် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ကြရန်၊
မိမိတို့ကျရာ တာဝန်များကိုသစ္စာရှိရှိ၊ စေတနာအပြည့်ဖြင့် ကျေပွန်အောင်ထမ်းဆောင်ကြရန်
အလေးအနက် တိုက်တွန်းလိုကြောင်း၊ မောင်တို့မယ်
တို့အားလုံး အနာဂတ်နိုင်ငံတော်အတွက်
အားထားရသည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ကြပါ စေရန်
ဆုတောင်းမေတ္တာပို့သပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅
နှစ်သင်တန်းအမှတ်စဉ်(၈)မှ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ရှမ်းပြည်နယ်(တောင်ပိုင်း)၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်မှ ရှမ်းတိုင်းရင်းသူ
မမေသွယ်ဖူး က ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတထံ ကျောင်းသား၊ ကျောင်းသူ ၂ ဦးတို့က အမှတ်တရ လက်ဆောင် ပစ္စည်းကို
ဂါရဝပြုပေးအပ်သည်။
ထို့နောက်
နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများ၊ ကျောင်း သား၊ ကျောင်းသူ များသည်
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် နိုင်ငံတော်သမ္မတက ကျောင်းသား၊
ကျောင်းသူများကို တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံမေးမြန်း
နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။



No comments:
Post a Comment