Wednesday, October 21, 2026

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အကဲဖြတ်ပညာရှင်များနှင့် တွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၂၀

(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် အကဲဖြတ်အမှတ်ပေးကြမည့် အကဲဖြတ်ပညာရှင်များကို ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ စည်ပင်ဧည့်ရိပ်သာ၌ သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ရာသီဥတုအခြေအနေတွင် ကျန်းမာရေးကို အထူးဂရုစိုက်ကြစေလိုပါကြောင်း၊ အကဲဖြတ်အမှတ်ပေးရာတွင်လည်း သမာဓိရှိစွာ အကဲဖြတ်ပေးစေလိုပါကြောင်းပြောကြားပြီး သက်ဆိုင်ရာ အဆို၊ အက၊ အရေး၊ အတီးနှင့် ဇာတ်တော်ကြီး၊ ရုပ်သေးဇာတ်တော်ကြီးအဖွဲ့ ခေါင်းဆောင်များက မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးက အကဲဖြတ်ပညာရှင်ကြီးများ ကိုယ်စား အဆို၊ အက၊ အရေး၊ အတီး အကဲဖြတ်ဥက္ကဋ္ဌများနှင့် ဇာတ်တော်ကြီး၊ ရုပ်စုံသဘင် အကဲဖြတ်အဖွဲ့ခေါင်းဆောင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

သတင်းစဉ်

No comments:

Post a Comment