Monday, October 19, 2026

ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ထူးချွန်အောင်မြင်မှုများရရှိခဲ့ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုဆုချီးမြှင့်

 


နေပြည်တော် အောက်တိုဘာ ၁၈

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ထူးချွန်အောင်မြင်မှုများရရှိခဲ့ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အားကစားသမားများနှင့်လေ့ကျင့်ပေးခဲ့ကြသည့် နည်းပြဆရာများကို ယနေ့တွင် နေပြည်တော်ရုံးအမှတ်(၁၅) စုဝေး ဆောင်ခန်းမ၌ ဂုဏ်ပြုဆုများချီးမြှင့်သည်။

အဆိုပါ ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ဝန်ကြီးဌာနအနေဖြင့် အားကစားနည်း(၁၈)မျိုးတွင် အမျိုးသားအားကစားသမား ၁၀ ဦး၊ အမျိုးသမီးအားကစားသမားငါးဦး စုစုပေါင်း အားကစားသမား ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်ငါးခုနှင့် ကြေးတံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ် ၁၀ ခု ဆွတ်ခူးရရှိခဲ့သည်။

ဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဝန်ကြီးဌာနတစ်ခုလုံး၏ အားပေးကူညီမှုဖြင့် ဝန်ကြီးဌာနများအနက် အဆင့်(၄)နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းသည် စုပေါင်းကြိုးပမ်းမှုမှရရှိလာသည့် ဂုဏ်ယူဖွယ်ရာရလဒ်ကောင်းတစ်ရပ်ဖြစ်ပြီး ဝန်ကြီးဌာန၏ဂုဏ်ကို ဆက်လက်မြှင့်တင်နိုင်သည့် အားကစားသမားကောင်းများ ပိုမိုပေါ်ထွန်းလာစေရေး ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားကာ ဆုရအားကစားသမားများအား ဂုဏ်ပြုဆုများ၊ အားကစားသမားများနှင့်နည်းပြများအား ဂုဏ်ပြုငွေများပေးအပ် ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment