ရန်ကုန် စက်တင်ဘာ ၂၉
Myanmar Women’s League 2026-2027 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်များကို လာမည့် အောက်တိုဘာ ၁၉ ရက်တွင် အပတ်စဉ် (၁၀) မှ စတင်ကာ ပြန်လည်ကျင်းပသွားမည်ဖြစ်ပြီး ဧရာဝတီနှင့် ရတနာပုံ၊ ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက် စသည့်အသင်းများ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ပထမအကျော့အပြီးတွင် ISPE အသင်းက ရမှတ် ၂၅
မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး လက်ရှိချန်ပီယံ ဧရာဝတီ၊ ရန်ကုန် ယူနိုက်တက်၊
ရှမ်းယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့ကနောက်မှ ဆက်လက်ရပ်တည်နေကာ ဒုတိယအကျော့ပွဲစဉ်များကို
သက်ဆိုင်ရာ အိမ်ကွင်းများနှင့် သတ်မှတ်ကွင်းများတွင် လက်ခံကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ဒုတိယအကျော့ပွဲစဉ်များကို နိုဝင်ဘာလအတွင်း
နိုင်ငံတကာပွဲစဉ်များနှင့် AFC Women’s Champions League ပြိုင်ပွဲများကြောင့် ပြိုင်ပွဲကို
ခေတ္တရပ်နားမည်ဖြစ်ပြီး ဒီဇင်ဘာလနှင့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလတို့တွင် လက်ကျန်ပွဲစဉ်များ
ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကာ ဇန်နဝါရီ ၂၇ ရက်တွင် ပြိုင်ပွဲများပြီးဆုံးမည်ဖြစ်သည်။
နေမျိုး
No comments:
Post a Comment