နေပြည်တော် စက်တင်ဘာ ၂၉
ဧရာဝတီတိုင်း ဒေသကြီး လေးမျက်နှာမြို့နယ် အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေ တိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ရပ်ကွက်၊ ကျေးရွာများအတွင်း ရေဖြတ်သန်း စီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ရေဝင်ရောက်မှု ကြောင့် လေးမျက်နှာမြို့ပေါ်
ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ
ရပ်ကွက်ခုနစ်ခုနှင့် ကျေးရွာအချို့တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွား လျက်ရှိသည်။
အဆိုပါ ငဝန်မြစ်ရေသည် ယနေ့တွင်လေးမျက်နှာမြို့နယ်အတွင်း
ခြောက်ပေ ကိုးလက်မခန့်၊ ရေကြည်မြို့နယ်အတွင်း ခုနစ်ပေ ၁၁ လက်မခန့်၊ ငါးသိုင်းချောင်း
မြို့နယ်အတွင်း ကိုးပေ သုံလက်မ ခန့်၊ ကျုံပျော်မြို့နယ်အတွင်း ခြောက်ပေ ခုနစ်လက်မခန့်နှင့်
ကျောင်းကုန်း မြို့နယ်အတွင်း ခြောက်ပေ သုံးလက်မခန့်အထိကျဆင်းသွားခဲ့ကြောင်းသိရသည်။
ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊
ရွာ၊ ရပ်ကွက်များ ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊
လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့်
ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ
ရေဘေးသင့် ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊
အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှု များကို အနောက်တောင်တိုင်း
စစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment