နေပြည်တော် စက်တင်ဘာ ၁၄
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရန်ကုန်မြို့ရှိ ရုရှားသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း
နိုင်ငံတို့အကြား ဘဏ်လုပ်ငန်းနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍
နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ
ဆွေးနွေးကြသည်။
Mr. Andrei Iunak အနေဖြင့် ရန်ကုန်မြို့ရှိ
ရုရှားသံရုံးတွင် စီးပွားရေးသံမှူးအဖြစ် တာဝန်ထမ်းဆောင်မှု ပြီးဆုံးပြီဖြစ်သဖြင့် ပြည်ထောင်စုဝန်ကြီးအား
ဂါရဝပြုနှုတ်ဆက်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment