နေပြည်တော် စက်တင်ဘာ ၁၄
ဗီယက်နမ် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်စေရန် ဗီယက်နမ်နိုင်ငံမှခရီးသွား ကုမ္ပဏီများနှင့် သတင်းမီဒီယာများပါဝင်သော ရင်းနှီးကျွမ်းဝင်မှု ဆိုင်ရာခရီးစဉ် (FAM Trip) များ စီစဉ်ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသည့် ခရီးစဉ်ဒေသများကို ပို့ဆောင်ပေးခြင်းဖြင့် ဧည့်သည်များအနေဖြင့် ခရီးစဉ်ဒေသများ၏ သာယာလှပမှု၊ လုံခြုံစိတ်ချရမှု၊ သဘာဝအရင်းအမြစ်များပေါကြွယ်ဝမှုစသည့်နိုင်ငံ၏ ပကတိအခြေအနေမှန်များကိုမျက်မြင်ကိုယ်တွေ့သိရှိပြီး ယုံကြည်စိတ်ချစွာ လာရောက် လည်ပတ်နိုင်ကြမည်ဖြစ်ကြောင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည့် မြန်မာ-ဗီယက်နမ် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
ထို့အတူ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အပြန်အလှန်တိုးမြှင့် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊
နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်
ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် မြန်မာနိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ ခရီးသွားဧည့်သည်များ
ပိုမိုသိရှိပြီး လာရောက် လည်ပတ်စေရေးဆောင်ရွက်နိုင်မည့် နည်းလမ်းများ ကို ဆွေးနွေးပြောကြားသည်။
အလားတူ အစည်းအဝေးသို့ Online မှ ပါဝင်တက်ရောက်ကြသည့်
မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံရုံးမှဂုဏ်ထူးဆောင် ကောင်စစ် ဝန် Ms. LE NGUYEN
NGOC TRINH၊
ဗီယက်နမ်နိုင်ငံမှ ခရီးသွားကုမ္ပဏီများနှင့် ဗီယက်နမ်လေကြောင်း လိုင်းများမှ တာဝန်ရှိသူများက
နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင် မှုဖော်ဆောင်နိုင်ရန် အကြံပြုဆွေးနွေးကြသည်။
ဆက်လက်၍ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု
ဦးစီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌ၊ ဟိုတယ်နှင့် ခရီးသွား
ဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်း မှ တာဝန်ရှိသူများ၊
MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူများနှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များ၏
သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က
ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment