နေပြည်တော် စက်တင်ဘာ ၂၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature-IUCN) ၏ မဲခေါင်အောက်ပိုင်း ဒေသခွဲဆိုင်ရာ အကြီးအကဲ (Head, Lower Mekong Sub-Region) Mr. Jacob Sebastian Brunner အား ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ်(၂၈) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည်
၂၀၁၇ ခုနှစ်တွင် IUCN ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီး အပြုသဘောဆောင်သည့် ရလဒ်ကောင်းများ
ထွက်ပေါ်စေမည့် ပူးပေါင်းဆောင်ရွက်မှုများရရှိရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံအဆင့်သဘာဝထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး အဓိက မူဘောင်များဖြစ်သည့်
နိုင်ငံအဆင့်ဒီရေတောဆိုင်ရာ လုပ်ငန်းစီမံချက်၊ နိုင်ငံအဆင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ
မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်နှင့် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံအုပ်ချုပ်ခြင်း
အစီအစဉ်ရေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်
ထို့နောက် မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲနှင့်
ရေရှည်သယံဇာတထိန်းသိမ်းရေး လုပ်ငန်းများ၊ သဘာဝထိန်းသိမ်း ရေးနယ်မြေများ၊ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍
ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာ
သောင်းနိုင်ဦး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ
တက်ရောက်ကြကြောင်းသိရသည်။
သတင်းစဉ်

No comments:
Post a Comment