Wednesday, September 30, 2026

တွံတေးမြို့နယ်ရှိ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာကို အကျဉ်းကျခံရပြီး HIV(+) ပိုးရှိသည့် အမျိုးသမီးများအား လက်ခံစောင့်ရှောက်သည့် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာနအဖြစ် စတင်ဖွင့်လှစ်ခဲ့

 


ရန်ကုန် စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ အမျိုးသမီးများပြုစု စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးစင်တာကို လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနတို့ ပူးပေါင်း၍ အကျဉ်းထောင်များတွင် အကျဉ်းကျခံရပြီး HIV(+) ပိုးရှိသည့် အမျိုးသမီးများအား လက်ခံစောင့်ရှောက်ရန်အတွက် ရည်ရွယ်၍ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာနအဖြစ် ၂၀၀၂ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် အကျဉ်းဦးစီးဌာနမှ ပေးပို့သော သင်တန်းသူ ၂၅ ဦးဖြင့် စတင် ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါစင်တာမှ သိရသည်။

အမည်ပြောင်းလဲခဲ့

ထို့ပြင် ၂၀၂၀ ပြည့်နှစ် မေ ၁၆ ရက်မှစ၍ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာနမှ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနအဖြစ် အမည်ပြောင်းလဲခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက်မှစ၍ အမျိုးသမီးရေးရာဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းပေးပြီး အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ အမည်သို့ ပြောင်းလဲခဲ့ကြောင်း သိရသည်။

အဆိုပါ စင်တာ၏ စာကြည့်တိုက်၊ သင်တန်းသူများ အသက်မွေးဝမ်းကျောင်း သင်ကြားနေမှု၊ သင်တန်းသူအိပ်ဆောင်များကို ယနေ့တွင် အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။

ရင်းရင်းနှီးနှီးတွေ့ဆုံ

ထိုသို့သွားရောက်စဉ် ဝန်ထမ်းများ၊ သင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားပြီး ထောက်ပံ့မှုများနှင့် သင်တန်းသူများ၊ ဝန်ထမ်းများအတွက် နှစ်ရက်တာစားစရိတ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment