နေပြည်တော် စက်တင်ဘာ ၂၉
လေ့လာဆန်းစစ်မှုမှ ရရှိလာသည့် အချက်အလက်များကို အသုံးချကာ ကဏ္ဍအလိုက် အားနည်းချက် များကိုပြုပြင်၍ ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ပညာရေးဝန်ကြီးဌာန၏ ရက်(၁၀၀)အတွင်း အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းစာအုပ်များ ဖြန့်ဝေခြင်းအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချောချောစိန်က အမှာစကားပြောကြားစဉ် ယင်းသို့ ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ အစိုးရသစ်တာဝန်ယူပြီးကာလမှစ၍ အခြေခံပညာ၊
အဆင့်မြင့်ပညာ၊ ဆရာအတတ် ပညာနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုများကို
သုတေသနနှင့် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ပြီး ထွက်ပေါ်လာသောရလဒ်များကို စုစည်း၍
အစီရင်ခံစာ(Report)များ ရေးသားပြီးစီးခဲ့ပါကြောင်း၊ အဆိုပါ အစီရင်ခံစာ (Report) များတွင်
ဖော်ပြထားသောအားသာချက်၊ အားနည်းချက်၊ သုံးသပ်ချက်၊ တွေ့ရှိချက်များပေါ်တွင် အခြေခံ၍
သက်ဆိုင်ရာဦးစီးဌာနများက ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ဆက်လက်အကောင်
အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာဦးစီးဌာနများအလိုက်
ရက်(၁၀၀)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းစာအုပ်များနှင့်စပ်လျဉ်း၍
ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment