နေပြည်တော် စက်တင်ဘာ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြို့မရပ်ကွက်၊ စျေးတန်းရပ်ကွက်၊ စန္ဒကူးရပ်ကွက်နှင့် စော်ဘွားရပ်ကွက် လေးရပ်ကွက်တို့မှ ဆက်သွယ်သွားလာသည့် ပေ ၁၄၅၀ မြေသားလမ်းပိုင်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ လုပ်ငန်းရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
အဆိုပါ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် တမူးမြို့ ရပ်ကွက်လေးရပ်ကွက်အတွင်းရှိ အိမ်ခြေ ၇၄၁၃ အိမ်၊ လူဦးရေ ၄၃၉၀၄ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment