မန္တလေး စက်တင်ဘာ ၁၇
(၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယာယီရဲမှူးချုပ် ကျော်စိုးဝင်းနှင့် တပ်ဖွဲ့ခွဲမှူးများဦးစီး၍ တပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment