နေပြည်တော် စက်တင်ဘာ ၅
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၃/ ၂၀၂၆)ပါ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း ၁၇ ခုတွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၂၆၅ နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာန ငါးခု၌ တစ်ပြိုင်တည်းကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ခင်မျိုးမြင့်၊ ဒေါက်တာစုစုဒွေး၊ ဦးထွန်းထွန်းဝင်း၊ ဒေါ်ခင်ရွှေမြင့်တို့နှင့်အတူ နေပြည်တော်စာစစ်ဌာနရှိ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာဘာသာဖြေဆိုမှုကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းနှင့်အတူ မွန်းလွဲပိုင်းတွင် အင်္ဂလိပ်ဘာသာဖြေဆိုနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အလားတူ အဖွဲ့ဝင်
ဦးစိုးတင့်သည် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ
ရန်ကုန်စာစစ်ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဒေါက်တာခင်ချစ်ချစ်သည် မန္တလေးတိုင်းဒေသကြီး
အောင်မြေသာစံမြို့နယ် အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းရှိ မန္တလေးစာစစ်ဌာနသို့လည်းကောင်း
လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့်
ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သည့် အရည်အသွေးပြည့်ဝသော ပြန်တမ်းဝင်အဆင့်
စတင်ခန့်အရာထမ်းရာထူးများကို စနစ်တကျ ရွေးချယ်ပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ
ဘွဲ့ရပညာတတ်လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ အရည်အချင်းကိုအခြေခံ၍
လူမှန်၊ နေရာမှန်ခန့်အပ်နိုင်ရေးနှင့် အရည်အချင်းရှိသော ဘွဲ့ရလူငယ်များ ရွေးချယ်ခန့်ထားနိုင်ရေးတို့အတွက်
ရွေးချယ်ရေးလုပ်ငန်းစဉ်များကို လေးလလျှင် တစ်ကြိမ် ဆောင်ရွက်ပေးလျက်ရှိရာ ယခုကျင်းပသော
ရေးဖြေစာမေးပွဲသို့ နိုင်ငံအဝန်းမှ ဝင်ရောက်ဖြေဆိုကြသူ စုစုပေါင်း ၁၀၅၆ ဦးရှိကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment