ဖလမ်း စက်တင်ဘာ ၅
ဖလမ်းမြို့ကို တပ်မတော်မှ အပြည့်အဝပြန်လည်ထိန်းချုပ်ပြီးနောက် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် မေ ၆ ရက်မှစတင်ပြီး ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်ခဲ့ကြပြီး မြို့ခံဌာနဆိုင်ရာများနှင့် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အပတ်စဉ် မြို့တွင်းသန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုကို
ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာသန့်ဇော်လွင်သည် ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး
ဦးဝင်းဇော်ဦး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊
ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ
ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်၊ တောင်ဇလပ်လမ်းတစ်လျှောက် ချုံနွယ်များ၊ လမ်းဧရိယာနှင့်
မလွတ်ကင်းသည့် အပင်များခုတ်ထွင်ရှင်းလင်းနေမှုများကိုလည်းကောင်း၊ တောင်ဇလပ်ရိပ်သာပတ်ဝန်းကျင်ရှိ
ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်ဇလပ်ရိပ်သာ ရှေ့မျက်နှာစာသန့်ရှင်းရေးဆောင်ရွက်ခြင်း၊
အမှိုက်များအား စနစ်တကျ စွန့်ပစ်ခြင်းများကို ကြည့်ရှုစစ်ဆေးပြီး ဖလမ်းမြို့သာယာလှပရေးအတွက်
ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိနေအိမ်ပတ်ဝန်းကျင်၊
မိမိအိမ်ရှေ့လမ်းမှတစ်ဆင့် ရပ်ကွက်တစ်ခုလုံး သာယာလှပရေး၊ ရပ်ကွက်မှ တစ်မြို့လုံးသာယာလှပရေးကို
ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည့် နယ်မြေခံ
ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်းအင်အား ၂၅၁ ဦးအတွက် မုန့်များပေးအပ်သည်။
အလားတူ တီးတိန်မြို့
မြို့တွင်းသန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်
ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ စုစုပေါင်းအင်အား ၂၀၀ ဖြင့် စကောလမ်း ရပ်ကွက်၊
အထက-၁ ကျောင်းဝင်းအောက် ကမ်းဟောက်လမ်းမကြီးတစ်လျှောက် ချုံနွယ်ပိတ်ပေါင်း ခုတ်ထွင်ရှင်းလင်းခြင်းနှင့်
စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းအား တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး
လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးသည်။
ထို့အတူ တွန်းဇံမြို့၌
ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ စုစုပေါင်းအင်အား ၂၅၁
ဦးဖြင့် ခေါဝုန်/ လေးဆန်ရပ်ကွက်ရှိ လူငယ်သင်တန်းကျောင်း၊ ကျောင်းပရိဝုဏ် အတွင်း/ အပြင်နှင့်
တောင်တန်းသာသနာပြု (ဗဟို) ကျောင်းဝင်းအတွင်း၌ ချုံနွယ်ပိတ်ပေါင်း ခုတ်ထွင်ရှင်းလင်းခြင်း
စုပေါင်းသန့်ရှင်းရေးပြုလုပ်ကြရာ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး
လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးသည်။
ချင်းပြည်နယ်အတွင်း
တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့ မြို့တွင်းသန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း
မြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီများ၏ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment