နေပြည်တော် စက်တင်ဘာ ၁၄
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသား မျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အလုံးစုံပပျောက်ကင်း ရှင်းစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တားဆီးနှိမ်နင်းတိုက်ဖျက်ရေးလုပ်ငန်း များကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များအသုံးပြုပြီး ပြည်သူလူထုနှင့် ပူးပေါင်း၍စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်
သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)
တာချီလိတ်မြို့ တာလော့ရပ်ကွက် တာလော့ဈေးအနီး၌ မျိုးမြင့်ဦး(ခ) မျိုးမင်းဦး ၃၀နှစ်၊
(ဘ) ဦးဖြူထွေး ပုန်းထွန်ရပ်ကွက်နေသူအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ
၎င်းလွယ်ထားသောလွယ်အိတ်အတွင်းမှ ကတ်တမင်း အဆီရည် ၂၈၁ ဒသမ ၆ မီလီ လီတာခန့် (ဒေသတန်ဖိုးငွေကျပ်
၈၈၄ ဒသမ ၈ သိန်း) ခန့်ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူ မျိုးမြင့်ဦး(ခ) မျိုးမင်းဦးအား
စစ်ဆေးချက်အရ ကတ်တမင်းအဆီရည်များကို လှိုင်ဝင်းတင့်၊ ၃၇ နှစ်(ဘ) ဦးလှ အောင်၊ ပါဆပ်ရပ်ကွက်
တာချီလိတ်မြို့နေသူထံမှ ပြန်လည် ရောင်းချရန် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့်
ပူးပေါင်းအဖွဲ့များက မွန်းလွဲ ၁နာရီခွဲတွင် သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ယာဉ်အမှတ်၊
7L-------------FORTUNER အမျိုးအစား၊ အနက် ရောင်ယာဉ်ဖြင့် တွေ့ရှိရသဖြင့် ထိန်းသိမ်းရှာဖွေစစ်ဆေးခဲ့ရာ
၎င်းနေအိမ်၌ မူးယစ်ဆေးဝါးများ ကျန်ရှိသေးကြောင်း ထွက်ဆိုသဖြင့် နေ့လယ်ပိုင်းတွင် ၎င်း၏နေအိမ်အား
ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်းမှ အစိမ်းရောင်ပလတ်စတစ်ခြင်းဖြင့်
ထည့်ထားသည့် Polly Polar စာတန်းပါ ပန်းရောင်သံဘူးအတွင်းမှ အိုက်စ် ၀ ဒသမ ၀၄ ကီလို ဂရမ်ခန့်
ဒေသတန်ဖိုးငွေကျပ် ၃၂၀၀၀၀ ခန့်၊ ကတ်တမင်း ၀ ဒသမ ၀၀၅ ကီလိုဂရမ်ခန့် ဒေသ
တန်ဖိုးငွေကျပ် ၄၂၅၀၀ ခန့် ပလတ်စတစ်အကြည်ဖြင့် ထည့်လျက် အဆင့်နိမ့်ဘိန်း ၀ ဒသမ ၀၁၆
ကီလိုဂရမ် ဒေသတန်ဖိုး ငွေကျပ် ၆၄၀၀ ခန့်၊ အစိမ်းရောင် ပလတ်စတစ်ခြင်းအတွင်းမှ ကတ်တမင်းအဆီရည်
၃ ဒသမ ၉၂ လီတာခန့် ဒေသတန်ဖိုးငွေကျပ် သိန်း ၁၁၇၆၀ ခန့်၊ ကတ်တမင်း အဆီ ၀ ဒသမ ၈ မီလီလီတာဆီပါ
Pop ခေါင်း ၁၅ ခု ဒေသတန်ဖိုး ၃၆ သိန်းကျပ်ခန့် စုစုပေါင်း ကတ်တမင်းအဆီရည် ၃ ဒသမ ၉၃၂
လီတာ ကာလတန်ဖိုး ၁ ဒသမ ၁၇၉ ဘီလီယံခန့်နှင့် နေအိမ်အောက်ထပ် မီးဖိုခန်းအတွင်းမှ ဘိန်းစာရွက်တစ်ကီလိုဂရမ်ခန့်၊
ကာလတန်ဖိုးငွေကျပ် ၄၀၀၀၀ ခန့်နှင့် ချောင်းဆိုးပျောက်ဆေးရည် သုံးလီတာခန့်၊ ဒေသတန်ဖိုး
ငွေကျပ် ၁၅၀၀၀၀ တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား
ဥပဒေအရထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး
အမှုဖွင့် ဆောင်ရွက်ထားရှိကာ ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment