ရှန်းကျန့် စက်တင်ဘာ ၅
အာရှ-ပစိဖိတ် မီဒီယာဖိုရမ် (Asia-Pacific Media Forum) ကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းကျန့်မြို့ရှိ Qianhai International Convention Center ၌ ကျင်းပသည်။
ဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
အာရှ-ပစိဖိတ်နိုင်ငံများမှ မီဒီယာဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ
တာဝန်ရှိသူများ၊ သတင်းထောက်များ တက်ရောက်ကြသည်။
နံနက်ပိုင်းတွင်
ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Melissa Fleming ၊ တရုတ်ကွန်မြူနစ်ပါတီ
ဗဟိုကော်မတီဝင်နှင့် ပြန်ကြားရေးဆိုင်ရာ အကြီးအကဲ Mr. Li Shulei ၊ တုန်းကွမ် ပြည်နယ်ပါတီကော်မတီမှ Mr.
Huang Kunming ၊ ဆင်ဟွာသတင်းဌာန အယ်ဒီတာချုပ် Mr. Lyu Yansong နှင့် ပါကစ္စတန်၊ ရုရှား၊
IMF ၊ CNN ၊ ပီရူးနှင့် China Power Grip Co., Ltd. တို့မှ တာဝန်ရှိသူများက အမှာစကားပြောကြားကြသည်။
ထို့နောက် မီဒီယာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
စာချွန်လွှာများ လဲလှယ်ကြသည်။
မွန်းလွဲပိုင်းတွင်
ဖိုရမ်ကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် အပါအဝင် တရုတ်၊
ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံ မီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်အမှာစကားပြောကြားသည်။
ဒုတိယဝန်ကြီးက
ဒီဂျစ်တယ်ကမ္ဘာတွင် သတင်းအချက်အလက် လျင်မြန်စွာ စီးဆင်းနေမှုနှင့်အတူ တိုးတက်မှုများရှိနေသကဲ့သို့
ဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေသော စိန်ခေါ်မှုများစွာလည်း ရှိနေပါကြောင်း၊ သတင်းတု၊
သတင်းမှားများ ပြန့်ပွားမှု၊ နည်းပညာကွာဟမှုနှင့် ကမ္ဘာ့ရေးရာ စိန်ခေါ်မှုများစွာကို
ရင်ဆိုင်နေရသည့် ယခုလို အချိန်အခါမျိုးတွင် မိမိတို့ အာရှ-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေး၊
တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို တည်ဆောက်နိုင်ရန်၊ ပြောင်းလဲမှုများနှင့်အတူ တည်ငြိမ်အေးချမ်းပြီး
သဟဇာတဖြစ်သည့် လူမှုအဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ရန် မီဒီယာ၏ အခန်းကဏ္ဍက ပိုမိုအရေးပါလာသည်ကို
ပြောကြားလိုပါကြောင်း ပြောကြားသည်။
ဖိုရမ်တက်ရောက်နေစဉ်အတွင်း
ဒုတိယဝန်ကြီးသည် ဆင်ဟွာသတင်းဌာနမှ သတင်းထောက် Feng Shuoren ၏ အာရှ-ပစိဖိတ်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့်
China International Import Expo (CIIE) တို့နှင့်စပ်လျဉ်း၍ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment