နေပြည်တော် ဩဂုတ် ၁၉
လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး မြစ်ရေ စီးကျော်ဝင်သည့်နေရာတွင် ကာရံခြင်းလုပ်ငန်းများဆောင်ရွက်မည့် Stand Pipe အရှည် ၁၂ မီတာ၊ အချင်း ၁.၃၅ မီတာ ရှစ်လုံး၊ အရှည် ၆ မီတာ၊ အချင်း ၁.၃၅ မီတာ နှစ်လုံး စုစုပေါင်း ၁၀ လုံးကို ရန်ကုန်မြို့မှ တွန်းသင်္ဘောနှင့် Barge ရေယာဉ်တို့ဖြင့် သယ်ဆောင်ရာ ယနေ့တွင် လေးမျက်နှာမြို့ ထူပါရုံရေဆိပ်သို့ ရောက်ရှိသည်။
အဆိုပါရေဆိပ်၌ Stand Pipe များ ရောက်ရှိမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် Stand pipe များ ရိုက်သွင်း မည့်နေရာကို သွားရောက်၍ ရိုက်သွင်းထားပြီးဖြစ်သည့် Steel Sheet Pile များ ရေစီးဒဏ်ကိုခံနိုင်ရန်အတွက် Stand Pipe များဖြင့် အားဖြည့်ရိုက်သွင်းဆောင်ရွက်မည့်အခြေအနေ၊ Stand Pipe အရှည် ၁၂ မီတာ ၊ အချင်း ၁.၃၅ မီတာ တစ်လုံးကို Vibro-Hammer စက်ဖြင့် ရိုက်သွင်း၍ အားဖြည့်ကာရံခြင်းလုပ်ငန်း ဆောင်ရွက်မှုနှင့် Stand Pipe အတွင်း သဲအိတ်များ ထည့်သွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ လုပ်ငန်းသုံးပစ္စည်းများ တပ်ဆင်နေမှုတို့ကို အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် မြစ်ရေတက်သည့်အချိန်၌ Stand Pipe ကို Vibro-Hammer စက်ဖြင့် ရိုက်သွင်းခြင်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဦးစားပေးဆောင်ရွက်ရန်၊ လုပ်ငန်းစီမံချက်များရေးဆွဲသွားရန်၊ လိုအပ်သည့်အထောက် အကူပစ္စည်းများ စုဆောင်းထားရှိပြီး စက်၊ယာဉ်/ယန္တရားများဖြစ်သည့် ကရိန်း များ၊ တွန်းသင်္ဘောနှင့် Barge တွဲများ၊ Vibro-Hammer စသည့် စက်ပစ္စည်းများ အသင့်စီမံဆောင်ရွက်ထားရှိပြီး ရေစီးအားပေါ်မူတည်၍ Stand Pipe များ ရိုက်သွင်းခြင်းကို ဆက်လက်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများကို အချိန်တိုအတွင်း ပြီးစီးရေးစွမ်းစွမ်းတမံဆောင်ရွက်ကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment