Saturday, August 15, 2026

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) ရုံးအဆောက်အအုံသစ်နှင့် တံတားသစ်ဖွင့်လှစ်

 

နေပြည်တော် ဩဂုတ် ၁၄

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) ရုံးအဆောက်အဦသစ်နှင့် တံတားသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ MWCDF ရုံးချုပ်၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက အသစ်ပြန်လည် တည်ဆောက်ထားသည့် အသင်းရုံးချုပ်အဆောက် အအုံသစ်နှင့် “မေတ္တာတံတားသစ်” တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ပြောကြား

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က “မေတ္တာတံတားသစ်” အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)ဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းက အလှူရှင်များအားအမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းကို ၂၀၁၃ ခုနှစ်မှ စတင် တည်ထောင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုတို့၌ အသင်းဝင် ၃၄၀၀ ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အသင်းတစ်သင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment