Saturday, August 15, 2026

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဩဂုတ် ၁၄

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (YRYEA) ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်တွင်းရှိလုပ်ငန်းရှင်များ ဒီဂျစ်တယ်နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာများ အသုံးပြုနိုင်ရေး၊ ဈေးကွက်ရရှိရေး၊ နည်းပညာရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အချင်းချင်းချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စက်မှုလုပ်ငန်းနှင့် MSME များအတွက် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေးမြူရေး၊ MSME များ စတင်ထူထောင်လုပ်ကိုင်မည့် လုပ်ငန်းရှင်များအား လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်နေမှု၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည့် MSME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရေး၊ MSME များတွင် လူငယ်စွန့်ဦးတီထွင်သူများ ပိုမိုပါဝင်နိုင်ရေး၊ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်အမည်သစ်များထုတ်လုပ်နိုင်ရေး၊ အရည်အသွေးပိုမို ကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ထုပ်ပိုးမှုစနစ်များ ကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်များတွင် ပူးပေါင်းပါဝင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment