နေပြည်တော် ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှတပ်ဖွဲ့ဝင်များသည် မီးပြကျွန်း၏အရှေ့ဘက် ရေမိုင် ၀ ဒသမ ၄ မိုင်ခန့်အကွာတွင် Tri Star 3 အမည်ရှိ ခရီးသည်တင်အမြန်ရေယာဉ်တစ်စင်း ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သွားရောက်၍ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ရာ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် ခရီးသည်တင် အမြန်ရေယာဉ်တစ်စင်းအား တွေ့ရှိခဲ့ပြီး ရေယာဉ်ပေါ်တွင်လိုက်ပါလာသော ရေယာဉ်အမှုထမ်းတစ်ဦး နှင့် ခရီးသည် ၁၉ ဦးအား စစ်ရေယာဉ်ပေါ်သို့တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများထောက်ပံ့၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment