ကျောင်းသားအာဟာရ၊ အစားအသောက်လုံခြုံရေးနှင့် တာဝန်ယူမှုရှိသော ကျောင်းအစားအသောက်ပတ်ဝန်းကျင်
စာသင်ခန်းပြင်ပက အာဟာရစာသင်ခန်း
ထိုအခြေအနေတွင် ကျောင်းအတွင်းရှိ မုန့်ဆိုင်၊ ကန်တင်းနှင့် အစားအသောက်ရောင်းချသည့်နေရာ များက သေးငယ်သောစီးပွားရေးလုပ်ငန်းတစ်ခုမျှသာမဟုတ်ဘဲ ကျောင်းသားများ၏ ကျန်းမာရေး နှင့် အာဟာရပတ်ဝန်းကျင်ကို ပုံဖော်ပေးနိုင်သည့် အရေးပါသောနေရာများ ဖြစ်လာသည်။
ထို့ကြောင့် ကျောင်းမုန့်ဆိုင်ကို “မုန့်ရောင်းသည့်နေရာ” အဖြစ်သာမမြင်သင့်ဘဲ ကျန်းမာရေး၊ အာဟာရ၊ သန့်ရှင်းရေးနှင့် ဘဝအလေ့အကျင့်ကောင်းများကို လက်တွေ့သင်ယူနိုင်သည့် စာသင် ခန်းပြင်ပ အာဟာရစာသင်ခန်းတစ်ခုအဖြစ် စဉ်းစားသင့်ပြီဖြစ်သည်။
ကျောင်းမုန့်ဆိုင်က မုန့်ရောင်းသည့်နေရာထက်
ပိုမိုအရေးကြီးသည်
ကလေးများသည် တစ်နေ့တာ၏ အချိန်အတော်များများကို ကျောင်းတွင်ဖြတ်သန်းကြသဖြင့် ကျောင်းအတွင်းရရှိနိုင်သော အစားအစာများက ၎င်းတို့၏ စားသောက်မှုရွေးချယ်မှုအပေါ် အရေးပါ သော သက်ရောက်မှုရှိနိုင်သည်။ ချိုလွန်းသော အချိုရည်များ၊ ဆားများသော အစားအစာများ၊ အဆီများသောအကြော်များနှင့် အာဟာရတန်ဖိုးနည်းသော ပြုပြင်ထုတ်လုပ်ထားသည့် မုန့်များကို သာ လွယ်ကူစွာဝယ်ယူနိုင်ပါက ကလေးများ၏ စားသောက်မှုအလေ့အကျင့်သည် ထိုအစားအစာ များဘက်သို့ ရွေ့လျားသွားနိုင်သည်။
အခြားတစ်ဖက်တွင် ရာသီပေါ်သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ ဥ၊ ငါး၊ ဆန်နှင့် အခြားဒေသထွက် အာဟာရပြည့်ဝသော အစားအစာများကို သင့်တင့်စွာရရှိနိုင်ပါက ကျောင်းသည် ကျန်းမာသော အစားအသောက်ရွေးချယ်မှုကို လက်တွေ့သင်ကြားပေးနိုင်သည့် နေရာတစ်ခု ဖြစ်လာနိုင်သည်။ ထို့ကြောင့် အာဟာရပညာပေးခြင်းနှင့် ကျောင်းအစားအသောက်မူဝါဒကို ခွဲခြား မထားဘဲ ကျန်းမာသော အစားအသောက်ပတ်ဝန်းကျင်နှင့် ပေါင်းစပ်ဆောင်ရွက်သင့်သည်။
အာဟာရကောင်းမွန်မှုနှင့် အစားအသောက်အရည်အသွေးကို
ပထမဦးစားပေးရမည်
ကျောင်းသားများအတွက် မုန့်ရွေးချယ်ရာတွင် “ဗိုက်ပြည့်ခြင်း” တစ်ခုတည်းကိုမကြည့်ဘဲ “ခန္ဓာကိုယ်နှင့် ဦးနှောက်အတွက် ဘာပေးနိုင်သလဲ” ကို စဉ်းစားသင့်သည်။ ကြီးထွားဖွံ့ဖြိုးနေသော ကလေးများသည် စွမ်းအင်၊ ပရိုတင်း၊ သံဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင်နှင့် အခြားအာဟာရဓာတ် များ လိုအပ်ကြသည်။ ထိုအာဟာရများ လုံလောက်စွာရရှိခြင်းသည် ကိုယ်ခန္ဓာကြီးထွားမှုသာမက အာရုံစူးစိုက်နိုင်မှု၊ သင်ယူနိုင်မှုနှင့် ကျောင်းတွင်တက်ကြွစွာ ပါဝင်နိုင်မှုတို့အတွက်လည်း အရေးကြီး သည်။
မြန်မာ့အခြေအနေတွင် ရာသီပေါ်သစ်သီးများ၊
ငှက်ပျောသီး၊ ဟင်းသီးဟင်းရွက်များ၊ ပဲ၊ ဥ၊ ငါး၊ နွားနို့၊ ပဲနို့နှင့် ဆန်အခြေခံအစားအစာများကဲ့သို့
မိသားစုများနှင့် ရင်းနှီးပြီး ဒေသတွင်းရရှိလွယ်သော အစားအစာများကို ပိုမိုအသုံးချနိုင်သည်။
တစ်ချိန်တည်းတွင် သကြား၊ ဆားနှင့်မကျန်းမာသောအဆီ များ များပြားသည့် အစားအစာများကို
လျှော့ချသင့်သည်။ ဤသို့ဆောင်ရွက်ခြင်းသည် ကျောင်းသား များ၏ ယနေ့ကျန်းမာရေးကို ကာကွယ်ပေးရုံသာမက
အနာဂတ်ဘဝတစ်လျှောက် ကျန်းမာသော စားသောက်မှုအလေ့အကျင့်ကိုလည်း တည်ဆောက်ပေးနိုင်မည်ဖြစ်သည်။
ဤသတ်မှတ်ချက်သည် မုန့်ဆိုင်လုပ်ငန်းရှင်များကို အခက်အခဲပေးရန်မဟုတ်ဘဲ ကလေးများကို ကာကွယ်ရန်ဖြစ်သည်။ ကျန်းမာရေးအထောက် အထားမပြည့်စုံသူ၊ အစားအသောက်ကိုင်တွယ်ရန် လိုအပ်သည့်သန့်ရှင်းရေးစံနှုန်းများ မလိုက်နာသူ သို့မဟုတ် သက်ဆိုင်ရာခွင့်ပြုချက်မရှိသူကို ကျောင်းမုန့်ဆိုင်၊ ကျောင်းကန်တင်းအတွင်း ရောင်းချခွင့်မပေးသင့်ပါ။ ကျောင်း၏ခွင့်ပြုမိန့်သည် စီးပွားရေးအတွက်သာမဟုတ်ဘဲ ကျောင်းသားများ၏ကျန်းမာရေးနှင့် လုံခြုံရေးအတွက် လူမှုတာဝန်ယူမှုဆိုင်ရာ အတည်ပြုချက်တစ်ရပ်ဖြစ်ရပါမည်။
သို့သော် လက်မှတ်ရရှိပြီးသည်နှင့် တာဝန်ပြီးဆုံးခြင်းမဟုတ်ပါ။ မုန့်ဆိုင်နှင့် အစားအသောက် ပြင်ဆင်သည့်နေရာများကို နေ့စဉ်သန့်ရှင်းထားရန်၊ သန့်ရှင်းသောရေအသုံးပြုရန်၊ အစားအစာများကို ဖုံးအုပ်ထားရန်၊ အစိမ်းနှင့်အကျက်ကို သီးခြားထားရန်၊ အစားအစာများကို သင့်တော်သော အပူချိန်တွင် ထိန်းသိမ်းရန်နှင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်သည်။ ထို့ကြောင့် သန့်ရှင်းသောရေ၊ သန့်ရှင်းသောအိမ်သာနှင့် လက်ဆေးရန်နေရာသည် ကျောင်းအစားအသောက်လုံခြုံရေးနှင့် တစ်ဆက်တည်းစဉ်းစားရမည့် အခြေခံအဆောက် အအုံများဖြစ်သည်။
ကျန်းမာသောအစားအစာသည် ကျောင်းသားတိုင်းလက်လှမ်းမီနိုင်သည့်
ဈေးနှုန်းဖြစ်ရမည်
မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏
ကျောင်းကန်တင်းစနစ်များမှ လက်တွေ့အသုံးချနိုင် သော သင်ခန်းစာများစွာ ရရှိနိုင်သည်။
ASEAN School Nutrition Package နှင့် အာဆီယံဒေသရှိ healthy school canteen များတွင်
ကျန်းမာသောမီနူး၊ အစားအသောက်လုံခြုံရေး၊ food-handler training၊ သန့်ရှင်းရေး၊ ဈေးနှုန်းနှင့်
စောင့်ကြည့်အကဲဖြတ်မှုတို့ကို ပေါင်းစပ်စီမံရန် အလေးထားသည်။
ထို့ပြင် ASEAN School Nutrition
Package တွင် ဒေသခံထုတ်လုပ်သူများနှင့် အသေးစား လုပ်ငန်းများမှ ကျောင်းအစားအစာများ
ဝယ်ယူအသုံးပြုခြင်းကိုလည်း အားပေးထားသည်။ မြန်မာ နိုင်ငံတွင်လည်း ရာသီပေါ်သစ်သီး၊ ဟင်းသီးဟင်း
ရွက်၊ ပဲ၊ ဆန်၊ ငါးနှင့် အခြားဒေသထွက်အစားအစာများကို ကျောင်းစားသောက်ရေးနှင့် ချိတ်ဆက်ပေးနိုင်ပါက
ကျောင်းသားများ၏ အာဟာရကို တိုးတက်စေရုံသာမက ဒေသခံလယ်သမားများ၊ မိသားစု စီးပွားရေးနှင့်
အသေးစားနှင့်အလတ်စားလုပ်ငန်းများကိုပါ အထောက်အကူပြုနိုင်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင်
“ကျောင်းမှ မုန့်စျေးတန်းသို့၊ မုန့်စျေးတန်းမှ ဒေသစီးပွားရေးသို့” ဟူသော အကျိုးရှိ
သည့် စက်ဝိုင်းတစ်ရပ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။
သန့်ရှင်းသောကျောင်း၊ အာဟာရပြည့်ဝသောကလေး၊
ကျန်းမာသောလူငယ်နှင့် အင်အားကောင်းသောနိုင်ငံ၏အနာဂတ်၊ အနာဂတ်ကို စာသင်ခန်းထဲမှသာမက
ကျောင်းမုန့်ဆိုင်ငယ်လေးများမှပင် စတင်တည်ဆောက်နိုင်ပါသည်။ ။
No comments:
Post a Comment