နေပြည်တော် ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ ၌ တိုးမြစ်၏ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ရက် နံနက်ပိုင်းမှစ၍ အလျားပေ ၃၀၀ ၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားမှုဖြစ်ပွားခဲ့သည်။
ထိုသို့ တာကိုယ်ထည်တိုက်စားခံရမှုအပေါ်
ယာယီကာကွယ်နိုင်ရန်အတွက် တာခြေတွင် တုတ် တန်းရိုက် သဲအိတ်ဖြည့်ခြင်း၊ ယာယီပန်းတာပြုလုပ်
ခြင်း၊ မြစ်ကမ်းထိန်းလုပ်ငန်းဖြစ်သည့် porcupine (ရေစီးနှုန်းလျော့ကျစေပြီး ရေထဲတွင်ပါလာသော
နုန်းမြေ (sediment)များ စုပုံလာစေရန် ပြုလုပ်သည့်လုပ်ငန်း) ချထားခြင်း၊ Steel
Cable Groyne (သံမဏိကြိုးအသုံးပြု ရေစီးထိန်းလုပ်ငန်း) ဆောင်ရွက်ခြင်းတို့ကို နယ်မြေခံတပ်မတော်သားများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍
စက်ယန္တရား များဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်း
စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး
လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
%20photos-7.jpg)
No comments:
Post a Comment