Wednesday, July 29, 2026

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇူလိုင် ၂၈

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ သာသနာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဘာသာရေးကို အခြေပြု၍ ခရီးသွားလုပ်ငန်း တိုးတက်အောင် ဆောင်ရွက်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ ဘာသာရေးကိုအခြေပြုသော ခရီးသွားလုပ်ငန်း(Religious Tourism)ကို တိုးတက်အောင် ဆောင်ရွက်ရေး၊ ပန်ဂျပ်(Punjab)ပြည်နယ် ရှေးဟောင်းတက္ကသီလာမြို့သို့ လာရောက်လေ့လာရေး၊ နှစ်နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းနှင့် အခြားသော စီးပွားရေးလုပ်ငန်းများကို ခရီးသွားလုပ်ငန်းနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေး၊ ပါကစ္စတန်နိုင်ငံမှ ပြည်ဝင်ခွင့်ဗီဇာနှင့် အခြားလိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်မှု၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကိစ္စများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment