ရန်ကုန် ဇူလိုင် ၂၈
"တောင်တန်းမေတ္တာ လေညင်းသစ္စာ"
မြန်မာ-တရုတ် Twin City မီဒီယာဖိုရမ်နှင့် ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ် အခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပသည်။
ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီကော်မတီ အတွင်းရေးမှူး
ယူနန်နေ့စဉ်သတင်းစာလုပ်ငန်းစု ညွှန်ကြားရေးမှူးချုပ် မစ္စတာရန့်ယွမ်ကျန်းက
"တောင်တန်းမေတ္တာ လေညင်းသစ္စာ" ပေါက်ဖော် ချစ်ကြည်ရေးကို
ဖော်ဆောင်မှုသည် ယခုနှစ်လှုပ်ရှားမှု၏ အဓိကအကြောင်းရင်းဖြစ်ပြီး ထိုစကားစုသည် ရှုမျှော်ခင်းကို
ဆိုလိုရုံသာမက မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်သူတို့၏ ပေါက်ဖော်ချစ်ကြည်ရေးလည်း
ဖြစ်ပါကြောင်း ပြောကြားသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးရဲတင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး Dr. Zheng Zhihong တို့က အမှာစကားပြောကြားခြင်း၊ ၂၀၂၅ ခုနှစ် Twin
City Media ဖိုရမ်၏ ရလဒ် Video
Clip ကို ပြသခြင်း၊ လန်ချန်း - မဲခေါင်
ခြောက်နိုင်ငံ ပန်းချီပညာရှင်များအတွက် ပူးတွဲကျင်းပသည့် ၂၀၂၆ ခုနှစ် တောင်အာရှနှင့်
အရှေ့တောင်အာရှ Media Alliance တွင် ဆုရရှိခဲ့သည့် မြန်မာပန်းချီပညာရှင် ကိုငွေဖြိုးက
အတွေ့အကြုံများ မျှဝေပြောကြားခြင်းနှင့် ရွှေလိပ်မင်း အိတ်ချိတ်အရုပ်ကလပ်မှ
ဦးတင်ဇော်ခိုင်က အတွေ့အကြုံ ရှင်းလင်းပြောကြားခြင်းများကိုလည်းကောင်း၊
ဒုတိယဝန်ကြီးနှင့် ယူနန်နေ့စဉ်သတင်းစာ လုပ်ငန်းစု အယ်ဒီတာချုပ်
ညွှန်ကြားရေးမှူးချုပ်တို့က ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း
နိုင်ငံတကာပြန်ကြားရေးစင်တာ တစ်နှစ်တာ မီဒီယာပူးပေါင်းဆောင်ရွက်ရေး
သဘောတူစာချုပ်ကို Digital နည်းဖြင့် လက်မှတ်ရေးထိုးခြင်းကိုလည်းကောင်း
ဆောင်ရွက်ခဲ့ကြသည်။
အလားတူ နှစ်နိုင်ငံ မီဒီယာပူးပေါင်းဆောင်ရွက်ရေး
သဘောတူစာချုပ်များကို တာဝန်ရှိသူများက ခေါင်းလောင်းပြိုင်တူတီးကာ
လက်မှတ်ရေးထိုးကြပြီး "သုခအွန်လိုင်း အလုပ်ရုံ အာရှပန်းမန်" စီမံချက်
အစီအစဉ်ကို ဖွင့်လှစ်ပေးကြသည်။
မြန်မာ-တရုတ် စီးပွားရေးကြံတည်ဆောက်ရေး တွေးခေါ်ဆွေးနွေးပွဲ
ကျင်းပရာ "တောင်တို့ကို စေတမန်ဖြင့် ပေါက်ဖော်တို့အတူ စကားဆိုကြမည်"
ခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ
ဒေါက်တာတင်ထွန်းဦးနှင့် တာဝန်ရှိသူများက ခေါင်းစဉ်အလိုက် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင်လည်း စကားဝိုင်းဆွေးနွေးပွဲကို ခေါင်းစဉ်အလိုက်
ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment