Sunday, June 28, 2026

စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ

 နေပြည်တော် ဇွန် ၂၇

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ ရသစာတမ်း၊ ဒုတိယဆုရ “သုတိဩဘာ (ဆင်ပေါင်ဝဲ)” ရေးသားသည့် “ရွာဦးကျောင်းဆရာတော် တစ်ပါး၏ ဘဝမှတ်တမ်း” စာအုပ်ကို ၂၀၂၆ ခုနှစ် ဇွန်လ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/ ၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ စာတိုက်မှတစ်ဆင့် ပေးပို့လျက်ရှိသည်။

စာပေဗိမာန်စာအုပ်အသင်းဝင်လိုပါက အတွင်းရေးမှူး၊ စာပေဗိမာန်စာအုပ်အသင်းအမှတ် (၅၂၉/ ၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ သို့ လိပ်မူ၍ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment