နေပြည်တော် ဇွန် ၂၇
ကွန်ပျူတာအခြေပြု စာမေးပွဲစင်တာ (Computer Based Examination Centre) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ဌာနဆိုင်ရာများ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရေကြောင်းဘက်ဆိုင်ရာသင်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
Computer Based Examination Centre ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော စည်းမျဉ်းနှင့်
Standard Operation Procedure များ ထုတ်ပြန်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်
လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည်
Computer Based Exami-nation Center ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကွန်ပျူတာစနစ်ဖြင့်
လက်တွေ့သရုပ်ပြ စာမေးပွဲစစ်ဆေးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment