ရန်ကုန် မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၄) တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနန္ဒအောင်နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်နှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအသင်းအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ
ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ၂၀၂၅ ခုနှစ်အတွင်း
နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုအခြေအနေ၊ ခရီးသွားလုပ်ငန်းအခြေအနေ၊ ခရီး
သွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ အခြေအနေ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း
တိုင်းဒေသကြီး ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ
ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍအတွက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘတ်ဂျက်လျာထားခွင့်ပြုထားမှုအခြေအနေတို့ကို
ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် မှာကြားသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးမှ ဟိုတယ်အဆောက်အဦတည်ဆောက်ခွင့် (၁) ခု၊ တည်းခိုဆောင်ပြင်ဆင်ခွင့်
(၁) ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင် (၇) ခု၊ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် (၁) ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးနှင့်
ဝန်ဆောင်မှု (၇၉) ခု၊ တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်သက်တမ်းတိုးနှင့် ဝန်ဆောင်မှု
(၁၅) ခု၊ တည်းခိုဆောင် လုပ်ငန်းလိုင်စင်အသစ် (၁) ခု၊ သက်တမ်းတိုး (၁) ခု၊
ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်အသစ် (ပြည်တွင်း/ပြည်ဝင်) (၇၆) ခု၊ (ပြည်ပ) (၂၈)
ခု၊ ခရီးလှည့်လည်ရေး (ပြည်တွင်း/ပြည်ဝင်) သက်တမ်းတိုး (၂၅၉) ခု၊ (ပြည်ပ) (၁၄၆) ခု၊
ဧည့်လမ်းညွန် လုပ်ငန်းလိုင်စင်သက်တမ်းတိုး (၂၂၉) ခု၊ ပြည်တွင်းဘုရားဖူးနှင့်
ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသစ် (၁၆) ခု၊ သက်တမ်းတိုး (၁၆) ခုတို့အား
အတည်ပြုပေးနိုင်ခဲ့ပြီး ယနေ့အစည်းအဝေးမှ လုပ်ငန်းလိုင်စင်ခွင့်ပြုပေးခဲ့သည့်
ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ရင်းနှီးမြှုပ်နှံမှုပမာဏကျပ် (၂၉၈၀၇.၉၃) သန်းနှင့်
လုပ်သားအင်အား (၄၆၃) ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း
သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment