Thursday, March 19, 2026

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ စက်မှုဘာသာရပ်အား အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေး


ရန်ကုန် မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၆ ခုနှစ်၊ စက်မှု၊ စက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲစက်မှုဘာသာရပ်အား အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (စိုက်မွေး) တွင် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ စက်မှုဘာသာရပ် ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၂၆ ခုနှစ်၊ စက်မှု၊ စက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများမှ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာန (၄) ခု၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထူးပြု ကျောင်းသား၊ ကျောင်းသူ (၄၀၂) ဦး စာရင်းပေးသွင်းထားပြီး စက်မှုဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၂၄၃) ဦး ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၁၀၀) ရာခိုင်နှုန်းရှိသည်။

ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် ကျောင်းပြင်ပများတွင် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကာ စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

No comments:

Post a Comment