Wednesday, March 18, 2026

သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ


ရန်ကုန် မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို မတ် ၁၆ ရက်နေ့ နံနက်ပိုင်းက သုံးခွမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များမှ လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအား လိုက်လံကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းစိုးက လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လေဘေးသင့်နေအိမ် (၄) လုံးပြိုကျမှုအား နေအိမ်တစ်လုံးလျှင် (၅၀၀၀၀ဝိ/-) ကျပ်နှုန်း၊ အမိုးလန်နေအိမ် (၁၃) လုံးအား နေအိမ်တစ်လုံးလျှင် (၃၀၀၀၀ဝိ/) ကျပ်နှုန်း၊ လေဘေးသင့်အိမ်ထောင်စု (၁၇) စုအား အိမ်ထောင်စုတစ်စုလျှင် ဆန် (၁) အိတ်၊ ဆီ (၂.၅၀) ပိဿာတို့အားလည်းကောင်း၊ သုံးခွမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြက်ဥ (၃၀၀) လုံး၊ ခေါက်ဆွဲခြောက် (၃၀၀) ထုပ်တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ် (၄) လုံးပြိုကျမှုအား နေအိမ်တစ်လုံးလျှင် (၁၀၀၀၀ဝိ/-) ကျပ်နှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁) ပုံး၊ အမိုးလန်နေအိမ် (၁၃) လုံးအား နေအိမ်တစ်လုံးလျှင် (၅၀၀၀ဝိ/-) နှုန်းနှင့် ဆန်ရိက္ခာဖိုးငွေ လေဘေးသင့်ပြည်သူ (၆၂) ဦးအတွက် တစ်ဦးလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် (၃၁၀၀၀ဝိ/-) ကျပ်နှုန်းအားလည်းကောင်း စုစုပေါင်းတန်ဖိုးငွေ (၉၂၇၅၅၂၄) ကျပ်တို့အား လေဘေးသင့်ပြည်သူများအား အသီးသီးပေးအပ်ခဲ့ကြောင်းနှင့် လေဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

No comments:

Post a Comment