ရန်ကုန် မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် မတ် ၁၆ ရက်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ပဥ္စမနေ့) ရူပဗေဒနှင့် သမိုင်းဘာသာရပ်များအား အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း သုံးခွမြို့နယ်ရှိ
အမှတ် (၂) အခြေခံပညာထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ခရမ်းမြို့နယ်ရှိ
အမှတ် (၂) အခြေခံပညာထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊
သန်လျင်မြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ပဥ္စမနေ့) ရူပဗေဒနှင့်
သမိုင်းဘာသာရပ်များ ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးပြီး
ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထိုသို့ အားပေးကြည့်ရှုရာပညာရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူများ၊ သက်ဆိုင်ရာစာစစ်ဌာန ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများက စာစစ်ဌာနများအလိုက်
ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်ဝင်စာစစ်ဌာနများဆိုင်ရာ အချက်အလက်များကို
ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ
စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများနှင့်
သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ
ပြီးဆုံးသည်အထိ ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
စာမေးပွဲကျင်းပစဉ် ကာလအတွင်း လိုအပ်သည်များနှင့် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါက
အချိန်နှင့်တစ်ပြေးညီ တင်ပြပေးကြရန်နှင့် အမြန်ဆုံးဖြည့်ဆည်း
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌
၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် အခြေခံပညာကျောင်းများမှ စာစစ်ဌာန (၁၀၇)
ခု၌ ကျောင်းသား၊ ကျောင်းသူ (၄၉၂၅၆) ဦး စာရင်းပေးသွင်းထားပြီး (ပဥ္စမနေ့) ရူပဗေဒဘာသာရပ်ကို
ကျောင်းသား၊ ကျောင်းသူ (၄၅၄၅၈) ဦးနှင့် သမိုင်းဘာသာရပ်ကို (၁၂၅၂) ဦး စုစုပေါင်း ကျောင်းသား၊
ကျောင်းသူ (၄၆၇၁၀) ဦး ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၄.၈၃) ရာခိုင်နှုန်းရှိပြီး
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများမှ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန
(၄) ခု၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထူးပြု ကျောင်းသား၊ ကျောင်းသူ (၄၀၂) ဦး စာရင်းပေးသွင်းထားပြီး စက်မှုဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၂၄၃)
ဦး၊ စိုက်ပျိုးဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၉၁) ဦးနှင့် မွေးမြူရေးဘာသာရပ်တွင်
ကျောင်းသား၊ ကျောင်းသူ (၆၈) ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၄၀၂) ဦး
ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၁၀၀) ရာခိုင်နှုန်းရှိသည်။
ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲအေးချမ်းစွာ
ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် ကျောင်းပြင်ပများတွင် ဌာနဆိုင်ရာများ၊
သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊
ကြက်ခြေနီအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကာ
စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment