နေပြည်တော် ဇန်နဝါရီ ၂၇
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာစိုးဝင်းက ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက
ပြည်ထောင်စုအဆင့်အသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ် ရရှိရေး ထောက်ခံထားသော ပြည်တွင်းအသင်းအဖွဲ့များနှင့်
တွေ့ဆုံ၍ ပြည်သူများအကြား သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး၊
ဘေးအန္တရာယ်ကြိုတင်ပြင်ဆင် ရေး၊ စနစ်တကျတုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
မြှင့်တင်ဆောင်ရွက်ရေးတွင် ဝန်ကြီးဌာနနှင့် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါကြောင်း။
ဒေသတွင်းအဆင့်တွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်
အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံ သဘောတူညီချက်လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) ၏ပင်မလုပ်ငန်းတွင်
ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများ၌ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ ပါဝင်နိုင်သည့်
လုပ်ငန်းအစီအစဉ် ကို ထည့်သွင်းရေးဆွဲထားပါကြောင်း၊ နိုင်ငံအဆင့်၌ ဝန်ကြီးဌာန၏ မူဝါဒတွင်
ပြည်သူလူထု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့် ပွင့်လင်း
မြင်သာထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ
ပြည့်မီစေရန် ဟုထည့်သွင်းပြီး အဖွဲ့အစည်းများနှင့် ပူးပေါင်းမှုကို အလေးထား တိုးမြှင့ဆောင်ရွက်လျက်ရှိပါ
ကြောင်း၊ အာဆီယံနှင့်ပူးပေါင်း ကျင်းပသော မြန်မာသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့
(Myanmar Disaster Response Team-MDRT) သင်တန်းများ၊ One ASEAN One Response
(OAOR) Road Show တို့၌ ပြည်တွင်းအသင်းအဖွဲ့မှ ကိုယ်စားလှယ်များကို ဖိတ်ကြားပါဝင်စေ
သကဲ့သို့ အာဆီယံက ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်နိုင်ရေး
ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဖွဲ့အစည်းအလိုက် ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့်စပ်လျဉ်း၍
မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေး/ မလိုလားအပ်သည့်နေရာများသို့ မရောက်ရှိစေရေး
အထူးအလေး ထား ဆောင်ရွက်ပေးကြရန် လုပ်ငန်းဆိုင်ရာများ အကျိုးရှိထိရောက်စွာနှင့် စနစ်တကျရှိစေရေး၊
မိမိတို့ဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယပိုင်းအစီ
အစဉ်ကိုကျင်းပပြုလုပ်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
တည်ဆဲလုပ်ထုံးလုပ်နည်းများ၊ ဦးစီးဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းများကို
ရှင်းလင်းပြောကြားပြီး တက်ရောက် လာသော ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များက အဖွဲ့အလိုက်
လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းများတွင်
ဦးစီးဌာနနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို အပြန်အလှန်ဆွေးနွေးကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊
ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာအရာ ထမ်းများ၊ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များမှ
ဥက္ကဋ္ဌများ၊ အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment