နေပြည်တော် ဇန်နဝါရီ ၂၇
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၃ ဖြင့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်းစွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စီမံကိန်းအောင်မြင်ပြီးမြောက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သံအမတ်ကြီး Ms. Ma Jia ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု
ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ
မှ ကိုယ်စားလှယ်များ၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာန
များမှ ဖိတ်ကြားထားသူများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက
ယနေ့ဆွေးနွေးပွဲတွင် စီမံကိန်းတာဝန်ရှိသူများ၊ ပြည်တွင်းပညာရှင်များ နှင့် လက်တွေ့အကောင်အထည်ဖော်ရာတွင်
ပါဝင်သော စက်ရုံများမှ ကိုယ်စားလှယ်များအနေဖြင့် စီမံကိန်း၏ရလဒ်များ၊ တန်ဖိုးရှိသည့်
အတွေ့အကြုံများနှင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး လုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ခြင်းမှ
ရရှိခဲ့သည့်သင်ခန်းစာများကို မျှဝေကြမည်ဖြစ်ကြောင်း၊ လေ့လာသိရှိခဲ့ရသည့် အသိပညာရပ်များကို
မိမိတို့လုပ်ငန်းနယ်ပယ်၌ ကျယ်ကျယ်ပြန့်ပြန့်အသုံးချ၍ ထိထိရောက်ရောက် လက်တွေ့ကျင့်သုံးနိုင်အောင်
အစဉ်တစိုက်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုစီမံကိန်းသည် စားသောက်
ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့်
လက်တွေ့ကျသော အကျိုးကျေးဇူးများကို ထင်ရှားစွာ ပြသနိုင်သည့် အရေးပါသော ရှေ့ပြေးစီမံကိန်း
(pilot initiative) တစ်ခုဖြစ်ကြောင်း၊ ယခုစီမံကိန်းမှ ရရှိခဲ့သည့် အတွေ့အကြုံကောင်းများ၊
သင်ခန်းစာများနှင့် အပြုသဘောဆောင်သောရလဒ်များကို အကျိုးရှိစွာဖြင့် အခြားစက်ရုံများတွင်
အလားတူ တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စီမံကိန်းများကို တိုးချဲ့ဆောင်ရွက်သွားနိုင်ပါက
စက်မှုကဏ္ဍ၏ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပြီး
ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်လာမှုနှင့် မဲခေါင်ဒေသအတွင်း ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို
အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက တရုတ်နိုင်ငံအနေဖြင့် မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများတွင်
ဆက်လက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၏ စားသောက်ကုန်ကဏ္ဍ
စွမ်းအင်ထိရောက်မှုအတွက် ကောင်းမွန်သည့်ရလဒ်များကို ဆက်လက်ဆောင်ကြဉ်းပေးနိုင်မည်ဟု
ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) မှ ဒုတိယဥက္ကဋ္ဌက
အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သံအမတ်ကြီး၊ လာအိုဒီမိုကရက်တစ်နိုင်ငံမှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ
တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင်
စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ မှုနှင့်
စီမံကိန်းအောင်မြင်မှုရလဒ်များကိုလည်းကောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ
တာဝန်ရှိသူတစ်ဦးက စီမံကိန်း၌ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှု
အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး အလုပ်ရုံဆွေးနွေးပွဲကို အခမ်းအနားအစီအစဉ်အတိုင်း
ဆက်လက်ကျင်းပသည်။
ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်
စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်း အောင်မြင်ပြီးမြောက်ခြင်းအထိမ်းအမှတ်
ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment