နေပြည်တော် ဇန်နဝါရီ ၂၇
ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ (အပတ်စဉ်-၁၃) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဟိုတယ်ဇုန် (၁) ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
Jeng Phang နော်တောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့်
အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)
ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ နေပြည်တော်ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ
တာဝန်ရှိသူများ၊ ဟိုတယ်များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ ဆရာမများနှင့်သင်တန်း
သား သင်တန်းသူများ ပါဝင်တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက
ယခုကဲ့သို့ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းဖြင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌
လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာတွင် အထောက်အပံ့ဖြစ်စေပါကြောင်း၊
သင်တန်းသား သင်တန်းသူများအနေဖြင့်လည်း မိမိတို့ စာတွေ့/ လက်တွေ့လေ့လာဆည်းပူးသင်ယူခဲ့ကြသည့်
ဝန်ဆောင်မှုဆိုင်ရာပညာရပ်များကို လက်တွေ့ လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရေး
ကြိုးစားဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဟိုတယ်၏ ဝန်ဆောင်မှုကောင်းမွန်စေရေးနှင့်
နိုင်ငံ၏ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်
ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း
(နေပြည်တော်ဇုန်) ဥက္ကဋ္ဌက သင်တန်းဆင်းဂုဏ်ပြုစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်
သင်တန်းမှ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး
အမြဲတမ်းအတွင်းဝန်က သင်တန်းနည်းပြ ဆရာ ဆရာမများကို ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ကာ
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) ဥက္ကဋ္ဌက သင်တန်းသားများအား
သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ရာ သင်တန်းသားများကိုယ်စား Front Office သင်တန်းမှ
သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ
(အပတ်စဉ်-၁၃) ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဟိုတယ်၊ မိုတယ်များမှ ဝန်ထမ်းများ၊
ဆက်စပ်ဝန်ကြီးဌာနများမှ ဝန်ထမ်းများအပါအဝင် စုစုပေါင်း သင်တန်းသား ၉၈ ဦးဖြင့် ဖွင့်လှစ်ပို့ချဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး
သင်တန်းကာလမှာ ရက်သတ္တခြောက်ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment