နေပြည်တော် ဇန်နဝါရီ ၂၇
သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုင်ရာ ပြည်သူအခြေပြု အသေးစားစီးပွားရေး လုပ်ငန်းများ သရုပ်ပြတည်ထောင်ခြင်းစီမံကိန်း၏ ဝါးလက်မှုထုတ်ကုန်ပစ္စည်းအမျိုးမျိုး စျေးကွက် မြှင့်တင်ရေးနှင့် အရောင်းပြပွဲကို ယနေ့နံနက် ၉ နာရီတွင် Kumudra Grand Ballroom, Hotel Max, Naypyitaw ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်
ဦးလှမောင်သိန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊
ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့် ဖိတ်ကြားထားသော
ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက
ဝါးသည် ကမ္ဘာပေါ်တွင် အကြီး မြန်ဆုံးအပင်များအနက် တစ်မျိုး ဖြစ်ပြီး အချိန်တိုအတွင်း
အသုံးချနိုင်သော အရွယ်အစားရရှိသည့်အပြင် လေထုထဲရှိ ကာဗွန်ဒိုင် အောက်ဆိုက် ပမာဏများစွာကို
စုပ်ယူနိုင်ပြီး ရေတိုက်စားမှုကိုလည်း အထူးကာကွယ်ကြောင်း၊ ဝါးလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်
ခြေလှမ်းအသစ်ဖြစ်ရုံသာမက ရေရှည်တည်တံ့သော စီးပွားရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးကို
တစ်ပြိုင်တည်း အထောက်အကူပြုနိုင်ကြောင်း၊ ထို့ပြင် စီးပွားရေး ဦးတည်ချက်(၄)ရပ် အနက်
တတိယ ဦးတည်ချက်နှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်
သစ်တောကဏ္ဍအနေဖြင့် သစ်၊ ကြိမ်၊ ဝါး အသုံးပြုထုတ်လုပ်သော စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုမြင့်မားလာစေရေး၊
တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရေး၊ ပြည်တွင်း/ ပြည်ပ စျေးကွက်များ ရရှိရေးနှင့်
နည်းပညာများပေါင်းစပ် ဆောင်ရွက်နိုင်ရေး၊ အနာဂတ်ကာလတွင် ဝါးလက်မှုကဏ္ဍကို ဆက်လက်ဖွံ့ဖြိုးစေရန်
အားလုံးပူးပေါင်း လက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။
ယင်းနောက် ဝါးလက်မှုလုပ်ငန်းရှင်များနှင့်
ဌာနဆိုင်ရာ ပညာရှင်များက အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment