နေပြည်တော် ဒီဇင်ဘာ ၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တာမွေမြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒေသခံပြည်သူ
များအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်
ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် အညီစိစစ်၍ One Stop Service ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့်
ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ် ရရှိပြီးသူများ အား e-ID စနစ်ဖြင့်
Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှု
အခြေ အနေများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် မြို့နယ်ရုံး
ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊
မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေများကို
လှည့်လည်ကြည့်ရှုစစ်ဆေးကာ စာရွက်စာတမ်းနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊
ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနနှင့်ပတ်သက်သည့် လက်ငင်းဦးစားပေးလုပ်ငန်းများ
သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့အတွက် ဆက်စပ်ဌာနများ နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေးမှာကြားကာ
လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာများကို
ထောက်ပံ့ပေးအပ် သည်။
ဖြည့်ဆည်းဆောင်ရွက်
ဆက်လက်၍ မြို့နယ်ဦးစီးမှူးရုံးခန်း၌
ခရိုင်နှင့် မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအား တွေ့ဆုံပြီး
မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် စာရင်း တိကျမှန်ကန်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်ရေးတို့အတွက်
ဆက်စပ်ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရေး မှာကြားကာ တာဝန်ရှိသူများ၏
တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment