နေပြည်တော် ဒီဇင်ဘာ ၈
ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပ ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး တက်ရောက်သည်။
အခမ်းအနားသို့
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး
ဦးနိုင်မင်းကျော်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊
သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အခမ်းအနားသို့ တက်ရောက်လာကြသူများအား မြန်မာနိုင်ငံ ဆိုင်ရာ ကာတာနိုင်ငံ သံရုံးတာဝန်ခံ
Mr. Ahmad Ali R.A. AL-Marri နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့်
ကာတာနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ကြပြီး ကာတာနိုင်ငံ သံရုံးတာဝန်ခံက
နှုတ်ခွန်းဆက်စကား ပြောကြား သည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
ကာတာနိုင်ငံ သံရုံးတာဝန်ခံတို့သည် အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြ ပြီး တက်ရောက်လာကြသူများနှင့်အတူ
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ဆက်လက်၍ နိုင်ငံတော်
ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား ကာတာနိုင်ငံ သံရုံး တာဝန်ခံက ကာတာနိုင်ငံ၏
အမျိုးသားနေ့အထိမ်းအမှတ် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment