နေပြည်တော် ဒီဇင်ဘာ ၈
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိုင်းဆတ်မြို့ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၌ ဝန်ထမ်းများ၊ နည်းပြများနှင့် သင်တန်းသူများအား တွေ့ဆုံ၍ ချီးမြှင့်ငွေများပေးအပ်ကာ လက်တွေ့ လေ့ကျင့်သင်ကြားနေမှု၊ အိပ်ဆောင်၊ စားရိပ်သာ၊ ဂါလန် ၂ သိန်းဆံ့ ရေသိုလှောင်ကန်နှင့် သင်တန်း ကျောင်းမှ ဖွင့်လှစ်ထားသည့် အပ်ချုပ်ဆိုင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်
အဖွဲ့ဝင်များနှင့်အတူ မိုင်းဆတ်မြို့နယ် ဝမ်ဟုန် ကျေးရွာ ဝမ်ဟုန်- ဖာဖဲကျေးရွာချင်းဆက်လမ်းပေါ်၌
၁၅၀ x ၁၃ ပေရှိ ကြိုးတံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ
မိုင်းတုံမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ လိုအပ်သည်များကို
မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် လင်းခေးမြို့နယ်
နောင်လုံကျေးရွာအုပ်စု နောင်လုံကျေးရွာအဝင်လမ်း ၂ မိုင် ၂ ဖာလုံ အနက် ၁ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့်
Box Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေများကို
ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင်
ဆောင်ရွက်ရန်နှင့် လမ်းရေရှည် တည်တံ့ခိုင်မြဲစေရေး ဒေသခံပြည်သူများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းသွားကြရန်မှာကြားကာ
ဒေသခံ ပြည်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် မိုးနဲ-
ကင်တုံ- လုံစံကျေးရွာချင်းဆက်လမ်းတွင် ၃၀ x ၁၄ ပေ ကွန်ကရစ် တံတား တစ်စင်းတည်ဆောက်နေမှု၊
ချဉ်းကပ်လမ်းနှင့် ကျောက်စီမြေထိန်းနံရံ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment