ဗန်ကောက် ဒီဇင်ဘာ ၈
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်ချွန်ဘူရီနှင့် ချင်းမိုင်မြို့များ တွင် ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် South East Asia Games Fede-ration Council Meeting (SEAGF) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Grand Four Winds Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာအားကစား အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင်
CEO SEAGF Office (H.E.Dato’ Seri Chaiyapak Siriwat) က အဖွင့် အမှာစကားပြောကြားကာ
ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီး H.E. Attha- korn
Sirilatthayakorn, Minister of Tourism and Sports Thailand နှင့် South East Asia
Games Federation Council ဥက္ကဋ္ဌ၊ ထိုင်းအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ The
Honourable Asst.Prof.Pimol Srivikorn တို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားကြပြီး ဆုတံဆိပ်များ
ပေးအပ် သည်။
ထို့နောက် နိုင်ငံပေါင်း
(၁၁) နိုင်ငံမှ အကြီးအကဲများက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်
လိုအပ်သည်များကို ဆွေးနွေးကြသည်။
ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည်
ရန်ကုန်တိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ဗန်ကောက်မြို့
National Broadcasting Service of Thailand သို့ သွားရောက်ပြီး ပြိုင်ပွဲများကျင်းပနေမှုများကို
MRTV, MRTV 4 နှင့် Hey Play တို့မှ သတင်းရယူထုတ်လွှင့်နိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေမှုများကို
လှည့်လည်ကြည့်ရှုပြီး အားကစားနည်းအလိုက် ပြိုင်ပွဲယှဉ်ပြိုင်မှုသတင်းများကို မြန်မာနိုင်ငံမှ
ပြည်သူများ အားပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသပေးနိုင်ရန် အတူတကွဝိုင်းဝန်း
ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment