နေပြည်တော် ဒီဇင်ဘာ ၈
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွင် မြန်မာအသင်းအတွက် ဒုတိယပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် မလေးရှားအမျိုးသမီးဘောလုံးအသင်းတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ရှိ TNSU Chonburi Stadium (Chonburi) ၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ မြန်မာအမျိုးသမီးဘောလုံးအသင်းက မလေးရှား အမျိုးသမီးဘောလုံးအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိ ခဲ့သည်။
အဆိုပါအမျိုးသမီးဘောလုံးပြိုင်ပွဲသို့
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ထိုင်းနိုင်ငံဆိုင်ရာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော် ဇော်စိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ်
ဝင်းသူလင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊
မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်
တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုး သမီးအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအပါအဝင်
အားကစားဝါသနာရှင် ပရိသတ်အင်အား ၃၁၆၆ ဦးခန့် တစ်ခဲနက် ကြည့်ရှုအားပေးကြသည်။
ပွဲစဉ်ပထမပိုင်း
၄၅ မိနစ်တွင် ဦးဆောင်ဂိုးရရှိရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၆ မိနစ် ၃၉
စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၈ စန်းသော် သော်က ဦးဆောင်ဂိုးအား သွင်းယူ ခဲ့ပြီး
၃၅ မိနစ် ၂၉ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် ၁၃ တိုက်စစ်မှူး မေထက်လူက ဒုတိယဂိုးအား
ထပ်မံသွင်းယူခဲ့ရာ မလေးရှားအသင်းက ချေပဂိုးပြန်လည်ရရှိရေးနှင့် မြန်မာအသင်းက အနိုင်
ဂိုးများ ထပ်မံသွင်းယူနိုင်ရေးတို့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစား၍ ပထမပိုင်း ၄၅ မိနစ်အပြီး
အချိန်ပို ၅ မိနစ်အထိ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့သည်။
ဆက်လက်၍ ဒုတိယပိုင်း
၄၅ မိနစ်ကို ယှဉ်ပြိုင်ကစားကြရာ ၆၅ မိနစ် ၄ စက္ကန့်တွင် မြန်မာ အသင်းမှ ကျောနံပါတ်
၇ ဝင်းသိင်္ဂီထွန်းက မြန်မာအသင်းအတွက် တတိယမြောက်အနိုင်ဂိုးကို ထပ်မံ သွင်းယူနိုင်ခဲ့ပြီး
ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက မလေးရှားအသင်းကို သုံးဂိုး - ဂိုးမရှိဖြင့်
ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
မြန်မာအမျိုးသမီးဘောလုံးအသင်းသည်
အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စု (ခ) တွင် ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ်အသင်း
တို့နှင့် အုပ်စုအတူကျရောက်ပြီး မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့်
ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ (ယနေ့) ဒီဇင်ဘာ ၈ ရက်တွင် မလေးရှားအသင်းနှင့်
ယှဉ်ပြိုင်ကစားမှုတွင် သုံးဂိုးပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင် ရရှိခဲ့ပြီး ဒီဇင်ဘာ
၁၁ ရက်တွင် မြန်မာအသင်း၏ တတိယပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်းစဉ်

No comments:
Post a Comment