Tuesday, December 9, 2025

ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေး



နေပြည်တော် ဒီဇင်ဘာ ၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင် မဲပေးနိုင်ရန် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၅၀) တို့တွင် သတ်မှတ်ရက်များအလိုက် မဲရုံများဖွင့်လှစ်၍ ကြိုတင်ဆန္ဒမဲပေးခြင်းအစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်အထိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စား လှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၄၁) ရုံးတို့တွင် ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ပြည်ပရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲများ ဆက်လက်ပေးနိုင်ရေးအတွက် ကျန်ရှိသောရုံးများ အနေဖြင့် သတ်မှတ်နေ့ရက်များအထိ မဲရုံများဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment