နေပြည်တော် ဇွန် ၁၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရုံးအမှတ် (၁၁) ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ
- အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ နယ်စပ်ကုန်သွယ်မှု
ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမို မြန်ဆန်ချောမွေ့၍ ဒေသခံပြည်သူများ၏
လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက်
အိန္ဒိယနိုင်ငံ၏အကူအညီ အထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်သော လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်းဆိုင်ရာ
ကိစ္စရပ်များနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါပြီး နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်
အိန္ဒိယ- မြန်မာ နှစ်နိုင်ငံအကြားဆက်သွယ်သည့် လမ်းလုပ်ငန်းစီမံကိန်းများအား ဖြစ်တန်စွမ်းလေ့လာမှုပြုလုပ်
လိုခြင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ
အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment