နေပြည်တော် ဇွန် ၁၉
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် ယနေ့အထိ သေဆုံးသူ ၃၇၅၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၅၀ ရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်
ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား
ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ
၈၃၄ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့
ပြည်တွင်းစေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့
ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များကလည်း ငွေနှင့် အလှူပစ္စည်းများ
ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဇွန် ၁၈ ရက် ညနေ
၅ နာရီမှ ဇွန် ၁၉ ရက် ညနေ ၅ နာရီအတွင်း တရုတ်နိုင်ငံသားအလှူရှင်များနှင့် တရုတ်နိုင်ငံရောက်
မြန်မာအလှူရှင်များကလှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ
အလေးချိန် ၀ ဒသမ ၉၆၂ တန်နှင့် စင်ကာပူနိုင်ငံ စင်ကာပူမြို့ရှိ Buddha Dhamma
Mandala Society နှင့် Love and Care Charity Group တို့က လှူဒါန်းသည့် ဘီစကွတ်၊ ခေါက်ဆွဲခြောက်နှင့်
လူသုံးကုန်ပစ္စည်းများ အလေးချိန် ၀ ဒသမ ၁၈ တန် ရောက်ရှိခဲ့သည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကိုလည်း
ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
No comments:
Post a Comment